ဇန်နဝါရီ ၂၀ ၊ VOR
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၆ ဦးသေဆုံးကြောင်း ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF) တပ်ရင်းမှ သတင်း ထုတ်ပြန်သည်။
ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာနှင့် ကိုင်းကွင်းရွာကြားတွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ရွာစဉ်လှည့် မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ၏ အင်အား (၇၀)ဦးပါ စစ်ကြောင်းကို ဇန်နဝါရီ၁၆ရက်နေ့၊ နံနက်(၉)နာရီခန့်တွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ( PPDF)၊ တပ်ခွဲ ၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၅ တို့က မိုင်း (၅) ကြိမ်ဆွဲ၍ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ကပစ(၁၉မှ ဗိုလ်နေလင်းအောင် အပါအဝင် အရာရှိ (၄)ဦး၊ အခြားအဆင့် (၂)ဦး စုစုပေါင်း ၆ဦးသဆုံးပြီး (၄)ဦး အပြင်းအထန် ဒဏ်ရာရှိသွားခဲ့ကြောင်း သိရသည်
သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို ဝဲကြီးဆည် ရေလမ်းကြောင်းမှတဆင့် ပေါင်းတည်မြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးရှိတဲတစ်လုံးအား မီးရှို့ဖျက်ဆီးပြီး တဲပိုင်ရှင် ကိုမိုးကြီးအား အကြောင်းမဲ့ ပစ်သတ်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်းအထိအခိုက် မရှိခဲ့ကြောင်းသိရသည်။
ပေါင်းတည်မြို့နယ် သစ်ပုတ်အုပ်စု မအူကွင်းကျေးရွာမှလူနေအိမ် ၃၃လုံးကို စစ်ကောင်စီစစ်ကြောင်းမှမီးရှို့မှုကြောင့် အိမ်ထောင်စု ၃၃စု ၊အမျိုးသား ၆၁ဉီး ၊အမျိုးသမီး ၅၈ဦး၊သက်ကြီးရွယ်အို ၅ဦးနှင့်ကလေးငယ်၅ဦးတို့အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်းသိရသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်