ဇန်နဝါရီ ၂၀၊ VOR
ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ဝှေခါဒေသ စစ်ကောင်စီစခန်း နှင့် ရဲစခန်းကို ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။
ဝှေခေါဒေသတွင် ဇန်နဝါရီလ ၁၈ ရက် မှစတင်တိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ကာ စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီးပစ်ခတ်ခဲ့သည်။
နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့် လက်နက်သိမ်းဆည်းရရှိမှု အခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပေ။
အဆိုပါ စခန်း တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိပြီး အများအပြားထွက်ပြေးသွားကြကြောင်း KIA ပူးပေါင်းတပ်က စခန်းသိမ်းပြီးနောက် မီးရှို့ရှင်းလင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် KIA ပူးပေါင်းတပ်က ကချင်ပြည်နယ်အတွင်း မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်လျက်ရှိသည်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်