ဇန်နဝါရီ ၂၁၊ VOR
ရွှေဘိုမြို့နယ်၊ သလုံးကျေးရွာ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များနေထိုင်ရာ အထိုင်စခန်းများကို ယမန်နေ့ ဇန်နဝါရီ ၂၀ရက်နေ့တွင် PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း BGS Ayadaw Drone Force က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၀ရက် ညသန်းခေါင်ယံ အချိန်တွင် PDF ပူးပေါင်းတပ်ဖွဲ့က တင့်ကားဖျက် RPG ဗုံးသီးတစ်လုံးနှင့် ၆၀မမ ဗုံးသီးတစ်လုံး ကောင်းကင်ယံမှ ဒရုန်းဗုံးသီးများဖြင့် စခန်းသိမ်းတိုက်ပွဲအား စတင်ဖွင့်လှစ် တိုက်ခိုက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် ရွှေဘိုလေ့ကျင့်ရေးအမှတ်(၈)တပ်စခန်းနှင့် ရွှေဘိုမြို့နယ် ဖုတ်ကုန်းကျေးရွာတပ်စခန်းများမှ တာဝေးပစ် လက်နက်ကြီးဟောင်ဝှစ်ဇာများဖြင့် ပြည်သူ့ရဲဘော်များဆီသို့ ၁၀ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ရွှေဘိုမြို့နယ် ပန်းရံရွာ၊လိပ်ချင်းရွာ ပျုစောထီးစခန်းများမှ ၈၁မမလက်နက်ကြီးများဖြင့်လည်း အကြိမ်ရေ ၂၀ထက်မနည်း ပြည်သူ့ရဲဘော်များဆီသို့ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ရွှေဘိုမြို့နယ်၊ ဒီပဲယင်းမြို့နယ် မဟာမိတ်ရဲဘော်များ ဖိတ်ကြားချက်အရ BGS Ayadaw Drone Force ဦးဆောင်၍ အရာတော်မြို့နယ်၊တိုက်နယ် အမှတ်(၄)ရဲဘော်များ၊မိုင်းမင်းသား ပြောက်ကျားအဖွဲ့ နှင့်မုံရွာခရိုင် တပ်ရင်း(၁၉) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။





More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်