Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ဒီပဲယင်းတွင် စစ်တပ်ဖမ်းဆီးသူများထဲတွင် နှစ်ခါပြန် ဖမ်းဆီးခံရသည့် ဆရာမနှင့် အသက်မပြည့်သေးသည့် ကျောင်းသားနှစ်ဦးအား မိသားစုဝင်များစိုးရိမ်

ဒီပဲယင်းတွင် စစ်တပ်ဖမ်းဆီးသူများထဲတွင် နှစ်ခါပြန် ဖမ်းဆီးခံရသည့် ဆရာမနှင့် အသက်မပြည့်သေးသည့် ကျောင်းသားနှစ်ဦးအား မိသားစုဝင်များစိုးရိမ်

ဇန်နဝါရီ ၂၁၊ VOR

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာမှ ပြည်သူ ၁၀ဦးကို စစ်ကောင်စီတပ်က ယမန်နေ့က ဖမ်းဆီးသွားရာ ယခင်အဖမ်းခံခဲ့ရသည့် ဆရာမနှင့် အသက်မပြည့်သေးသည့် ကျောင်းသားများပါဝင်ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံက သိရသည်။

မဲအိုးကျေးရွာမှ ဖမ်းဆီးခံရ ပြည်သူများထဲတွင် လက်ယက်ကုန်းကျေးရွာဝေဟင်တိုက်ခိုက်ခံရမှုအတွင်း
ဦးခေါင်းထိမှန်ကာ အဖမ်းခံရပြီးပြန်လွတ်လာသည့် ဆရာမ ဝေဝေခင်နှင့်ကျောင်းသား မောင်ရဲလင်းနိုင် ၈တန်း အသက် ၁၆ နှစ်နှင့် မောင်အောင်မျိုးဝင်း (၉တန်း)အသက် ၁၇နှစ်တို့ အဖမ်းခံထားရကြောင်းသိရသည်။

နောက်ဆက်တွဲ အခြေအနေမသိရှိရသေးကြောင်း ဆက်သွယ်မရ ပြန်မလွတ်သေးသည့် အခြေအနေဖြစ်ပြီး မိသားစုဝင်များ စိုးရိမ်လျှက်ရှိကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့၏ ဖော်ပြချက်အရ သိရသည်.။

ဇန်နဝါရီ ၁၈ရက်တွင် စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ်တွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူ ၅ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ 

ဒီပဲယင်းတွင် စစ်တပ်ဖမ်းဆီးသူများထဲတွင် နှစ်ခါပြန် ဖမ်းဆီးခံရသည့် ဆရာမနှင့် အသက်မပြည့်သေးသည့် ကျောင်းသားနှစ်ဦးအား မိသားစုဝင်များစိုးရိမ်

You may have missed