ဇန်နဝါရီ ၂၁၊ VOR
မွန်ပြည်နယ်ရေးမြို့ တံတားဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ရှိရာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ စစ်ကောင်စီ ခလရ ၁၀၆မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၂၀ဦးခန့်သေဆုံးကြောင်း Dawna Column က နောက်ဆက်တွဲ သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ (၂၀) ရက်နေ့ ကြိုးတံတား စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်များလည်းသိမ်းဆည်းရမိခဲ့ပြီးနောက် ဒေါနစစ်ကြောင်း လက်နက်ကြီးတပ်စုက ခမရ ၅၈၈ နှင့် ခလရ၁၀၆ အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခမရ /၅၈၈မှ စစ်ကောင်စီ တပ်သား (၂၀)ဦးခန့် သေဆုံးပြီး ခလရ ၁၀၆မှ ဗိုလ်ကြီးကျော်လွင်မြင့် သေဆုံးကြောင်း နောက်ဆက်တွဲ စုံစမ်းသည့် သတင်းများမှ သိရသည်။
စစ်ကောင်စီတပ်ဘက်မှ ပျက်စီးဆုံးရှုံးမှုစာရင်းများနှင့် ဒဏ်ရာရ စာရင်းများအားစုံစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကြိုးတံတားဂိတ်စခန်းကို ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲများဖြစ်သည့် MSRF၊ ABSDf တပ်ရင်း(၁) ၊ ဒေါနစစ်ကြောင်းတပ်ခွဲ(၃) YGF၊ ဒေါနစစ်ကြောင်းတပ်ခွဲ(၅) MSRO၊ YDF၊ နှင့် ရေးသိမ်းငှက် အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်