ဇန်နဝါရီ ၂၁၊ VOR
လွန်ခဲ့သည့် ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက်၊ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိုးမြို့နယ်သို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိသည်ဟု TNLA က သတင်းထုတ်ပြန် လိုက်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် စစ်ကောင်စီတပ်မှ ယနေ့ နံနက် (၁၀◌း၂၈)နာရီအချိန်တွင် မန်ဝိန်းနှင့် နောင်မကြီးကျေးရွာသို့ Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၂)ဦး ကျည်စထိမှန် ဒဏ်ရာပြင်းထန်ရခဲ့သည်ဟု သိရသည်။
မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ ယနေ့ ညနေ (၆း၀၀)နာရီအချိန်တွင် အထက်ပိန်ပြစ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်