Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

မုံရွာ စစ်ဆေးရေးဂိတ် နှစ်ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ဦးသေဆုံး

မုံရွာ စစ်ဆေးရေးဂိတ် နှစ်ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ဦးသေဆုံး

ဇန်နဝါရီ ၁၉၊ VOR

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ် ၂ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ LDFက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ မုံရွာမြို့အတွင်း မုံရွာ-အမြင့်လမ်း -ထနောင်းတော စစ်ဆေးရေး ဂိတ်ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၁၅ရက် နေ့လည် တစ်နာရီဝန်းကျင်တွင် ဒရုန်း ဗုံးသီး ၂လုံးကြဲချ တိုက်ခိုက် ခဲ့ပြီး မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်ကိုလည်း နေ့လည် ၂နာရီခွဲဝန်းကျင်တွင် ဗုံးသီး ၁လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မအူစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၈၁မမ လက်နက်ကြီးသုံးလုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ထနောင်းတော စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုတွေအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ပြီး သိန်း ၂၀၀ခန့်ရှိ ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ဗန္ဓုလနှင့်အဖွဲ့သားများLDF၊ Chindwin Fighter Group ( C.F.G )၊ Brave Heart Army-BHA တို့က ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ရက်မှ ၁၄ရက်အထိလည်း မုံရွာမြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ညောင်ဖြူပင်စခန်းကို ဒရုန်း ဗုံးသီး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

https://web.facebook.com/VORLiveNews/videos/317557993990302

You may have missed