ဇန်နဝါရီ ၁၉ ၊ VOR
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သစ်ပုတ်တော တာဝါတိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိသွားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့သတင်းထုတ်ပြန်သည်။
သစ်ပုတ် ကျေးရွာအုပ်စု၊ မအူကွင်းရွာအနီးတွင် ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့စည်းစုဆောင်းရန်အတွက် သစ်ပုတ် တာဝါတိုင်အထိုင်စခန်းမှ ထွက်ခွာလာသော အင်အား (၄၅)ဦးပါ စစ်ကြောင်းကို ဇန်နဝါရီလ (၁၃)ရက်နေ့၊ ညနေ(၄)နာရီခန့်တွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)၊ Sniper အဖွဲ့နှင့် တပ်ခွဲအသီးသီးမှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ (၂)ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာရရှိခဲ့ပြီး မအူကွင်းရွာထဲသို့ ထွက်ပြေးဝင်ရောက်သွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်(၁)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ(၁၄)ရက်နေ့ နေ့လယ်(၂)နာရီခန့်ကလည်း မအူကွင်းရွာမှ အရပ်သားပြည်သူများ၏ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာနေအိမ်(၃၃)လုံး၊ အိမ်ထောင်စု(၃၃)စု၊ အမျိုးသား (၆၁)ဦး၊ အမျိုးသမီး (၅၈)ဦး၊ သက်ကြီးရွယ်အို (၅)ဦး၊ ကလေးငယ် (၅)ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။




More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်