ဇန်နဝါရီ ၁၉၊ VOR
ပခုက္ကူမှ ရေစကြိုသို့ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကား ၂စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရရှိသူများကို လူမှုကူညီရေးကားများဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း Young Force UG အဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၉ရက်နေ့ မနက်ပိုင်းတွင် ပခုက္ကူမှ ရေစကြိုသို့ထွက်ခွာလာသော စစ်ကောင်စီတပ် ရိက္ခာကားနှင့် လုံခြုံရေး ယာဥ်တန်းကို မိုင်းဆွဲတိုက်က်ခိုက်ခဲ့ရာ ကားနှစ်စီးပျက်စီးသွားပြီးကျန်ကားများမှာ ပခုက္ကူစက်မှုဇုန်ဂိတ်သို့ ပြန်လှည့်သွားခဲ့သည်ဟု သိရသည်။
ဒဏ်ရာရတပ်သားများကို မြို့ထဲမှ လူမှုကူညီရေးကားများဖြင့်လာရောက် ခေါ်ဆောင်သွားကြောင်း ထိခိုက်မှုရှိပြီး သေဆုံးမှုရှိမရှိကို အတည်ပြုနေဆဲဖြစ်ကြောင်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖ နှင့် ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်