Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

မန္တလေးမြို့ ကန်တော်ကြီးလမ်းမဘေးတွင် စစ်ဆေးရေးပြုလုပ်နေသော စစ်သားနှင့်ရဲများကို တိုက်ခိုက်ရာ ၃ဦးသေဆုံး

မန္တလေးမြို့ ကန်တော်ကြီးလမ်းမဘေးတွင် စစ်ဆေးရေးပြုလုပ်နေသော စစ်သားနှင့်ရဲများကို တိုက်ခိုက်ရာ ၃ဦးသေဆုံး

ဇန်နဝါရီ ၁၈၊ VOR

မန္တလေးမြို့ ကန်တော်ကြီးလမ်းမဘေးတွင် စစ်ဆေးရေးပြုလုပ်ရန်ရောက်ရှိနေသော စစ်သားနှင့်ရဲ ၇ဦးခန့်အား ဇန်နဝါရီလ (၁၆)ရက် နံနက်၁၀:၅၀အချိန်ခန့်တွင် မတ္တရာမြို့နယ်ပကဖ တိုက်နယ်(၆) နဂါးနီတပ်ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့ဖြစ်သော တောဒေါင်းနီ မြို့ပြ‌ ရဲဘော်များမှ ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ရာ နေရာတွင် ၃ဦးသေဆုံးကြောင်း မတ္တရာမြို့နယ် ပကဖ တိုက်နယ်(၆) နဂါးနီတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အပြန်လှန်ပစ်ခတ်မှုကြောင့် စစ်၏ လက်နက်ရရှိနိုင်သော်လည်း မြို့‌ပေါ် ဖြစ်သည့်အတွက် ရဲဘော်များ၏ အသက်အန္တရာယ်လုံခြုံရေးကြောင့် လက်နက်ကောက်ယူခဲ့ခြင်းမရှိပဲ ၎င်းတို့အသုံးပြုနေသော ဖုန်း (၂)လုံးအား ကောက်ယူသိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

စစ်ဆင်ရေးအပြီး ပြန်အလှည့်တွင် ရဲဘော်တစ်ဦးမှ မြင့်မြတ်စ္စာ အသက်ပေးလှူခဲ့ရပါကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

မန္တလေးမြို့ ကန်တော်ကြီးလမ်းမဘေးတွင် စစ်ဆေးရေးပြုလုပ်နေသော စစ်သားနှင့်ရဲများကို တိုက်ခိုက်ရာ ၃ဦးသေဆုံး

You may have missed