Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

ဖယ်ခုံတွင် စစ်ကောင်စီတပ်သားများကို ပြည်သူနှင့်အတူ ရပ်တည်ရန် ဗိုလ်ကြီး နေမျိုးဇင် သွားရောက်တိုက်တွန်း

ဖယ်ခုံတွင် စစ်ကောင်စီတပ်သားများကို ပြည်သူနှင့်အတူ ရပ်တည်ရန် ဗိုလ်ကြီး နေမျိုးဇင် သွားရောက်တိုက်တွန်း

ဇန်နဝါရီ ၁၈၊ VOR

ဖယ်ခုံမြို့နယ် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်တွင်တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားများကို ပြည်သူနှင့် အတူပူးပေါင်းရန် ဗိုလ်ကြီး နေမျိုးဇင်က သွားရောက်တိုက်တွန်းဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများကို ကိုက် ၇၀၀ အကွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အတူ ဗိုလ်ကြီးနေမျိုးဇင်က လော်စပီကာဖြင့် သွားရောက်တိုက်တွန်းဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။

ဗိုလ်ကြီးနေမျိုးဇင်သည် တပ်မတော်အရာရှိဟောင်းဖြစ်သလို လက်ရှိတွင် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) “ဘက်ပြောင်းရေး အစီအမံ စီမံကြီးကြပ်ရေးကော်မတီ” ၏ ညွန်ကြားရေးမှူးလည်း ဖြစ်သည်။

ဖယ်ခုံတွင် စစ်ကောင်စီတပ်သားများကို ပြည်သူနှင့်အတူ ရပ်တည်ရန် ဗိုလ်ကြီး နေမျိုးဇင် သွားရောက်တိုက်တွန်း

You may have missed