Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ဝိုင်းရွာရဲစခန်းမှ စစ်တပ်ကို မျှားခေါ်ပြီး ၄၀မမဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံး

ဝိုင်းရွာရဲစခန်းမှ စစ်တပ်ကို မျှားခေါ်ပြီး ၄၀မမဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံး

ဇန်နဝါရီ ၁၇၊ VOR

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းတွင်တပ်စွဲနေသော စစ်ကောင်စီတပ်သားများကို သွားရောက်တိုက်ခိုက်ရာ ၎င်းတို့ကို မျှားခေါ်ပြီး ၄၀မမနှင့် ပစ်ခတ်ခဲ့မှုကြောင့် စစ်တပ်ဘက်မှ ၃ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်သည်။

အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းတွင်စစ်ကောင်စီတပ်အင်အား (၅၀)ခန့်သည် ဂမုန်းဆည်ပေါ်ရှိ ရှင်းလင်းဆောင်တွင် လာရောက်တပ်စွဲနေကြောင်း သတင်းရရှိ၍ ဇန်နဝါရီ ၁၆ရက် နံနက် (၇:၀၀)နာရီခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ကျားကြီးစစ်ကြောင်းမှ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုသွားရောက်တိုက်ခိုက်မှုအတွင်း ၄၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ်ကြပြီးနောက် တာဝါတိုင်ကုန်းအနီး လယ်ကွင်းမှ မိုင်းတွင်းအတွင်း မျှားခေါ်ရန် ဆုတ်ခွာခဲ့ရာ ထွက်ပြေးသည် အထင်ဖြင့် စစ်ကောင်စီတပ်သားများ နောက်ကလိုက်လာကြသဖြင့် ပဒေသာမိုင်းများဖြင့် စောင့်ကြိုတိုက်ခိုက်ပြီး ၄၀မမနှင့် လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ အထိနာသွားကြ၍ သေဆုံးဒဏ်ရာရသူများအား အရသယ်ကာ ဖရိုဖရဲဖြင့် တပ်ဆုတ်ပြေးကြသည်ဟု သိရသည်။

အဆိုပါ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးကြသည့် စစ်သားများအား PDF ရဲဘော်များမှ ဇီးခင်း၊ ငှက်ပျောတော၊ ဝိုင်းရဲစခန်း အထိတိုင် လိုက်လံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ ကျည်ဘောက်၂ခု၊ ကျည်ဆန် ၄၀တောင့်၊ လေးခွ၁လက်နှင့် စစ်အသုံးအဆောင်တချို့ သိမ်းဆည်းရရှိကာ စစ်တပ်ဘက်မှ ၃ဦးသေ၊ ၁၁ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

You may have missed