ဇန်နဝါရီ ၁၈၊ VOR
ပဲခူးတိုင်း၊ ပဲနွယ်ကုန်း- နတ်သံကွင်း ကားလမ်း၊ သဲတော၊ ထိန်တော၊ နရွဲပင်၊ အုန်းနဲပင် စသည့်နယ်မြေများတွင် တော်ဝင်ဒေါင်းစစ်ကြောင်းက နယ်မြေစိုးမိုးရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ရာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄၀ ဦး သေဆုံးကာ ၇၀ဦး နီးပါးဒဏ်ရာရရှိခဲ့ကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်များနှင့် ၂၀၂၃ ဒီဇင်ဘာလမှစ၍ ၂၀၂၄ ဇန်နဝါရီလ ပထမအပတ်ကုန်ထိ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်များအထိနာခဲ့ပြီး တော်ဝင်ဒေါင်းစစ်ကြောင်းက နယ်မြေအချို့ကို ထိန်းချုပ် စိုးမိုးနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ သာလွန်အင်အားများ နှင့် မြေပြင်ဝေဟင်ပစ်ကူများစွာအသုံးပြုခဲ့ပြီးလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ခန့် နှင့်လက်နက်ကြီး ပစ်ကူ ၁၁၅ ကြိမ်ခန့် လုပ်ဆောင်ခဲ့ရာ သဲကော၊ ထိန်တော၊ နရွဲပင်၊ အုန်းနဲပင် စသည့် ကျေးရွာမှ ရာနှင့်ချီသည့် နေအိမ်များ ပျက်စီးခဲ့ပြီး အရပ်သားထိခိုက်မှုများစွာဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူသေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်းနှင့် တော်ဝင်စစ်ကြောင်းမှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး၊ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များတွင် စစ်ကောင်စီတပ်ဘက်မှ တပ်သား စုစုပေါင်း ၄၀ ဦး သေဆုံးကာ ၇၀ဦး နီးပါး ဒဏ်ရာ ရရှိခဲ့ပြီး သေနတ် ၂ လက်၊ Jammer ၁ခု၊ မီးစက် ၂ လုံး၊ 5.56 ကျည် ၁,၀၀၀၊ အီနာဂါ ၁၅ လုံး၊ ၆၀မမ ၁၀ လုံး၊ ဒရုန်း ၁စင်း၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်