၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံမှ FTC-2000G ဂျက်တိုက်လေယာဉ်များကို အဆင်းရဲဆုံးစာရင်းဝင်နေသည့် မြန်မာပြည်သူများထံမှရသော အခွန်ဖြင့်ဝယ်ယူရန် အာဏာသိမ်း စခ,ကမကလ,မအလ,မမလ,စကစ အစိုးရမှ အော်ဒါမှာခဲ့ခြင်းဖြစ်သည်။ ကိုယ်ကျိုးရှာသမားအများစုသာ ခေါင်းဆောင်ဖြစ်ခဲ့ကြသည့် မြန်မာ့စစ်တပ်သည် နိုင်ငံတော်ဘဏ္ဍာကို ၄င်းတို့ဘိုးဘွားပိုင်ပမာထင်တိုင်းကြဲကာ လေတပ်အတွင်း ပထမဆုံး FTC-2000G တိုက်လေယာဉ်များကို ပိုင်ဆိုင်ခဲ့ခြင်းလည်းဖြစ်သည်။
–
FTC-2000G တိုက်လေယာဉ်များ မှာယူမှုအခြေအနေအရ ယခုအချိန်အထိ တိုက်လေယာဉ် ၆ စင်း ပေးပို့ထားပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်မှုရှိသော်လည်း အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။ သိတဲ့လူများလည်း ဘယ်နှစ်စီးဝယ်ထားကြောင်း အောက်မှာပြောပြသွားပါဉီး။ အဆိုပါ တိုက်လေယာဉ်များကို ရှမ်းပြည် နယ် နမ့်ဆန် လေတပ်စခန်းသို့ ဖြန့်ကြက်ရန် စီစဉ်ခဲ့ခြင်းလို့လည်း သိရပါတယ်။
–
FTC-2000G တိုက်လေယာဉ်များကို မြန်မာ့လေတပ်အတွင်း အသုံးပြုနေဆဲဖြစ်သည့် ဒုတိယမျိုးဆက် F-7 လေယာဉ်များနှင့် A-5 ဗုံးကြဲလေယာဉ်များ အစားထိုးအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့ပုံရပါသည်။ ထိုကဲ့သို့စီစဉ်နိုင်ခဲ့မှုက မြန်မာ့လေတပ်ကို အဆင့်မြှင့်တင်ရေးအတွက် အရေးကြီးသော ခြေလှမ်းတရပ်လည်း ဖြစ်ခဲ့တာမျိုးပါ။
–
FTC-2000G သည် တရုတ်အစိုးရပိုင် အာကာသနှင့် ကာကွယ်ရေးကုမ္ပဏီ AVIC (Chinese Aviation Industry Corporation) ၏ ကြီးကြပ်မှုအောက်တွင် GAIC (Guizhou Aviation Industry Corporation) မှ အခန်းကဏ္ဍပေါင်းစုံ လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေးလေယာဉ်ဖြစ်သည်။ အဆိုပါလေယာဉ်သည် တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ် (PLAAF) နှင့် PLAN (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်) တို့နှင့်အတူ လေ့ကျင့်ရေး/တိုက်ခိုက်ရေးလေယာဉ်များဖြစ်သော Guizhou JL-9 (FTC-2000) ၏ တင်ပို့ဗားရှင်းဖြစ်သည်။
–
Airforce Technology မှ သတင်းပေးပို့ချက်အရ တရုတ်အစိုးရမှ ပြည်တွင်းတွင် တည်ဆောက်ထားသည့် FTC-2000G သည် ၎င်း၏ ပထမဆုံးသော ပျံသန်းမှုကို 2018 ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတကာနယ်ပယ်တွင် နေရာယူခဲ့သည်။ လေယာဉ်သည် လေယာဉ်မှူးများ၏ မစ်ရှင်လိုအပ်ချက်များအပေါ် အခြေခံ၍ တိုက်လေယာဉ်နှင့် လေ့ကျင့်ရေး အခန်းကဏ္ဍများအကြား အဆင်ပြေအောင် ပြောင်းလဲနိုင်သည်။ လေယာဉ်ကို လေယာဉ်မှူး ပျံသန်းရေး လေ့ကျင့်မှု၊ စောင့်ကြည့်မှု၊ ကင်းလှည့်မှု တာဝန်များ၊ ကင်းထောက်မှု၊ အီလက်ထရွန်းနစ် စစ်ဆင်ရေး၊ အနီးကပ် လေကြောင်း ထောက်ပံ့မှုနှင့် လေကြောင်း ပို့ဆောင်ရေး မစ်ရှင်များတွင် အသုံးပြုနိုင်သည်။
–
တောင်ပံပုံသေလေယာဉ်အမျိုးအစားဖြစ်သော FTC-2000G တိုက်လေယာဉ်များသည် စုစုပေါင်းအရှည် 15.4 မီတာနှင့် အမြင့် 4.8 မီတာရှိပြီး တောင်ပံသည် 10 မီတာခန့်ရှိသည်။ လေယာဉ်၏ ကျည်အကွာအဝေးသည် ကျယ်ပြန့်ပြီး ဒုံးကျည်များ၊ ဗုံးများနှင့် ဒုံးပျံမျိုးစုံ တပ်ဆင်ထားနိုင်သည်။ စစ်ဆင်ရေးတစ်ခုတွင် ကျည် ၃ တန် သယ်ဆောင်နိုင်သည်။ FTC-2000G သည် အမြင့်ဆုံးအမြန်နှုန်း 1,470 km/h (1.2 Mach) သို့ ရောက်ရှိနိုင်သည်။ ပျံသန်းမှုအကွာအဝေး 1,650 ကီလိုမီတာ နှင့် အမြင့် 15 ကီလိုမီတာ ရှိသည်။ လေယာဉ်၏ ပုံမှန် ပျံသန်းမှု အလေးချိန်မှာ 8,000 ကီလိုဂရမ်ဖြစ်ပြီး အပြည့်တင်ဆောင်ထားသော ပျံသန်းမှုအလေးချိန်မှာ 11,000 ကီလိုဂရမ်ဖြစ်သည်။
–
အခုတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှာ FTC-2000G ဟာ KIA တိုင်းရင်းသားတပ်မတော် ပစ်ချလိုက်လို့ ပျက်ကျသွားပါပြီ။ မအလ ပြောခိုင်းသမျှ ထွက်ပြောဖို့ တာဝန်ယူထားရတဲ့ ဇော်မင်းထွန်းတို့ဘက်ကတော့ ဘယ်လိုသတင်းထုတ်ကြမလဲဆိုပြီး အရေးပေါ် စည်းဝေးတိုင်ပင်နေကြဆဲပါ။ မနက်ဖြန် ဇန်နဝါရီလ ၁၇ ရက်မှာတော့ တခုခုပြောမှကို ဖြစ်ပါတော့မယ်။ စခ ဘောမတချို့ကတော့ လိုင်းပေါ် မှာ အချင်းချင်းဖုန်းသတင်းအတိအကျရပြီး လိုက်ဖ်လွှင့်ပြီး ငိုနေကြပါတယ်။ ၄င်းတို့ စခ ဘောမအစုအဖွဲ့ အမာခံ Live Stream စကားများအရ ” တိုက်လေယာဉ်ကိုတောင် ပစ်ချတာခံနေရပြီဆိုတော့ ကျနော်တို့အနေနဲ့ တပ်မတော်ကို ဘာတွေ မျှော်လင့်ရတော့မလဲ” ဟု ပွင့်ပွင့်လင်းလင်းသုံးသပ်ချက် ပါဝင်တာကို နားနဲ့ဆတ်ဆတ်ကြားရပါတယ်။ နားနဲ့ဆတ်ဆတ်ကြားရတာကို VOR က အတည်ပြနိုင်ပြီးနောက် ၄င်းတို့ရဲ့ LIVE သတင်းကိုလည်း မျက်နှာအမြန်လွှဲလိုက်ရပါသေးတယ်။ အလွန်ရွံစရာကောင်းသော လူယုတ်မာမျိုးတို့၏ နှပ်အချွဲများလည်း ကျလာတော့မည်ကို ငါးမင်းဆွေ ဆိုသူ လိုဖ်လွှင့်ချက်အဟောင်းများအရ ကြိုသိထားရသောကြောင့် ဖြစ်လေသည်။
–
FTC-2000G က အမေရိကန်ဒေါ်လာ ၈.၅ သန်းတန်ပါတယ်။ ဗမာငွေ အကြမ်းဖျဉ်း 29,750,000,000 ဖြစ်လို့
ဗမာငွေ အကြမ်းဖျဉ်း 29,750,000,000 = သိန်းပေါင်း ၃၀၀၀၀၀ ( သိန်းပေါင်း သုံးသိန်း) ခန့်ရှိပါတယ်။ စစ်ဘေးရှောင်တွေရဲ့ မြင်ကွင်းကို ဖျတ်ကနဲလှမ်းမြင်လိုက်မိတာလည်း ဒီတိုင်းပြည်မှာလူဖြစ်တဲ့ဝဋ်ကြွေးပါပဲလား။
–
စစ်တပ်အရာရှိဖြစ်ဖို့ ဘယ်လောက်ဖားခဲ့ရ ဖားခဲ့ရ လေတပ်မှာ မကောင်းဆိုးဝါးသရဲတကောင်ဖြစ်ဖို့ ဘယ်လောက်ခက်ခဲခက်ခဲ ပြည်သူပြည်သားတို့ကို စိတ်နှလုံးဆင်းရဲစေသော လူအပေါင်းတို့သည် သေဖို့မခက်စေရပါဘူး။ မင်းတို့က နည်းမျိုးစုံနဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ကြံစည်နေကြသည့်အတိုင်း မင်းတို့ဘဝတွေ နည်းမျိုးစုံဖြင့် ပျက်စီးရမည်သာ မလွဲပါဘူး။ ဆိုတော့ အဲ့လေယာဉ်ပျက်မှာပါသွားတဲ့ ပိုင်းလုံး ဗိုလ်မှူးအေးမြင့် နှင့် ဗိုလ်ကြီးကောင်းစံဆိုတာလည်း တစစီဖြစ်သွားပါပြီလို့ လာပြောတာပါ။ ဓမ္မကိုမြတ်နိုးသူပေါင်း ဘေးကင်းကျန်းမာရှိကြပါစေ။ ဘောမသူအပေါင်း နှာရည်ယိုရွှဲ မစဲကြစေကုန်သတည်း။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ