ဇန်နဝါရီ ၁၆၊ VOR
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်း ကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာနှင့် ဆင်တဲကုန်းကျေးရွာတို့မှ ပြည်သူများအား ပြည်သူ့စစ်သင်တန်းတက်ရန် အတင်းအဓမ္မ စုဆောင်းနေကြောင်းသိရသည်။
အဆိုပါ စုဆောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီ(၁၃)ရက်နေ့ မွန်းလွဲ (၃)နာရီခန့်တွင် ကမ်းနီရွာထိပ်၌ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon (GBK-PDF) နှင့် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA (GBK-PDF) တို့က ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Bago Region PDF က ယနေ့သတင်းထုတ်ပြန်သည်။
ထိုသို့ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝရုန်းသုန်းကားဖြစ်နေစဥ် ပြည်သူ(၃၀)ဦးကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် (၁) နာရီခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးကင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁)ဦး လက်ဖျံထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ သေဆုံးထိခိုက်မှုကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်ဟု ဆိုသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်