ဇန်နဝါရီ ၁၆၊ VOR
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိစစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၁၆ရက်နေ့ မနက်အစောပိုင်းတွင် ချင်းဒေသကာကွယ်ရေးတပ်များက အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သိုင်းငင်းစခန်းကို ဇန်န်ဝါရီ ၁၂ရက်နေ့ မှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၆ရက် ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရှိရသေးသော်လည်း တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးအဖွဲ့ဘက်မှ ရှစ်ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိထားသည်ဟု ကနဦး သိရသည်။
စစ်ကောင်စီဘက်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့်အပြင်းအထန်ကာကွယ်ခဲ့ရပြီး ဒေသကာကွယ်ရေးတပ်များ၏ ခြောက်ကြိမ်မြောက်တိုက်ခိုက်လာမှုတွင် လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်