ဇန်နဝါရီ ၁၅၊ VOR
ရှမ်းမြောက်ဒေသ ကျောက်မဲမြို့ နောင်ချိုမြို့နှင့် ကွတ်ခိုင်မြို့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေကြောင်း TNLA ကသတင်းထုတ်ပြန်သည်။
ကျောက်မဲမြို့နယ် စစ်ကောင်စီ ၅၀၂ တပ်စခန်းမှ ယနေ့ နေ့လည် (၃း၀၂)နာရီအချိန်တွင် ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သံဘိုရွာအနီးတဝိုက်သို့ ယနေ့ နေ့လည် (၂း၁၅)နာရီ အချိန်တွင် လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် (၁၂း၁၀)နာရီအချိန်တွင် သုံးဆယ်ရွာသို့ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့နယ် မိုင်းယုလေး၊ လွယ်ကန်၊ လွယ်ကုန်ရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ Mi35 တိုက်ခိုက်ရေးရဟက်ယာဥ်ဖြင့် (၁)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက်၊ ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ကျောက်မဲ၊ မိုးကုတ်၊ လားရှိုးမြို့နယ်သို့ နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို နေ့စဥ်အကြိမ်ကြိမ် ပေါ်ပေါ်တင်တင်ချိုးဖောက်ခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်