ဇန်နဝါရီ ၁၇၊ VOR
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကရင်နီပြည်တိုက်ပွဲများအတွင်း ပျက်ကျခဲ့သည့် စစ်ကောင်စီ၏ ဂျက်လေယာဥ်ကို ၎င်းတို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း KHRG က သတင်းထုတ်ပြန်သည်။
၎င်းဂျက်တိုက်လေယာဉ်သည် ကရင်ပြည်နယ် သံတောင်မြို့ မာယိုးဖိုးလီကျေးရွာနှင့် ကမာဒီဖိုးလီကျေးရွာအကြားတွင် ပျက်ကျခဲ့ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီတပ်မှ ထိုဒေသတစ်ဝိုက် လေကြောင်းတိုက်ခိုက်မှုများ လာရောက်ပြုလုပ်ခဲ့သော်လည်း အရပ်သားထိခိုက်သေဆုံးမှုများ မရှိခဲ့ကြောင်း သိရသည်။
ရက်အနည်းငယ်အကြာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် သံတောင်မြို့ ကမာဒီဖိုးလီကျေးရွာ လယ်ကွင်းသို့ စစ်ကြောင်းချီတက်လာနေစဥ် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
နောက်တစ်နေ့တွင် ၎င်းတို့သည် လေယာဥ်ပျက်ကျခဲ့သော နေရာအထိ သွားရောက်ခဲ့ပြီး ပျက်ကျခဲ့သော ထိုဂျက်လေယာဥ်ကို မီးရှို့ပစ်ခဲ့သည်ဟု သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများသည် ထိုအနီးရှိ ရွာသားတစ်ဦး၏ စပါးကျီတစ်လုံးနှင့် တဲတစ်လုံးကိုပါ မီးရှို့ဖျက်ဆီးပစ်ခဲ့သည်ဟု သိရသည်။
ထိုဒေသတွင်း တည်ငြိမ်မှုများမရှိခြင်းကြောင့် ရွာသားများသည် ကောက်ရိတ်သိမ်းခြင်းမပြုနိုင်ကြဘဲ ၎င်းတို့၏ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်