Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
May 24, 2026

လောင်းလုံတွင် ပြည်သူ ၃ဦးသတ်ဖြတ်ခံရပြီး ပြည်သူ့ကာကွယ်ရေး စခန်းတစ်ခုနှင့် နေအိမ် ၁၃၂လုံး မီးရှို့ဖျက်ဆီးခံရ

လောင်းလုံတွင် ပြည်သူ ၃ဦးသတ်ဖြတ်ခံရပြီး ပြည်သူ့ကာကွယ်ရေး စခန်းတစ်ခုနှင့် နေအိမ် ၁၃၂လုံး မီးရှို့ဖျက်ဆီးခံရ

ဇန်နဝါရီ ၁၇၊ VOR

လောင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်က ၁လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူ ၃ဦးသတ်ဖြတ်သွားပြီး ပြည်သူ့ကာကွယ်ရေး စခန်းတစ်ခုနှင့် ပြည်သူပိုင်နေအိမ် ၁၃၂လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း Launglone People Defence Force LLPDF က သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက် စစ်ကောင်စီမှ ကုန်းကြောင်း၊ ရေကြောင်းတို့ဖြင့် လောင်းလုံးမြို့နယ်အောက်ပိုင်း တစ်ပိုင်းလုံးအား (၃)ပတ်ခန့် စစ်ကြောင်းထိုးခဲ့ပြီး စစ်ကြောင်းလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် နေအိမ်များကို မီး.ရှို့ခြင်း ၊ ရိုက်နှက်ဖျက်ဆီးခြင်းများပြုလုပ်ကာ ပြည်သူများအား ဖမ်းဆီး၍ လူသားတံတိုင်းဖြင့်ထားရှိ စစ်ကြောင်း ထိုးခဲ့ကာ ဇန်နဝါရီ ၁၄ရက်နေ့တွင် ရေကြောင်းဖြင့် ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

လောင်းလုံမြို့နယ် စစ်ပြဲရွာ၊ လေးသွန်းခံရွာ နှင့် အောက်ကျောက်ဝပ်ရွာတို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး အကြောင်းမဲ့ အသတ်ခံရကာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ စခန်းတစ်ခု ဆုံးရှုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် စစ်ပြဲကျေးရွာ၊ လေးသွန်းခံကျေးရွာ၊သပြေရှောင်ကျေးရွာ၊ ဟင်းချိုတောကျေးရွာ ၊ သန်လျင်ရွာ၊ သကျက်တောကျေးရွာ၊ ညောပြင်ကျေးရွာ၊ အောက်ကျောက်ဝပ်ကျေးရွာရှိ ပြည်သူ့နေအိမ် ( ၁၃၂)လုံးမီး.ရှို့ဖျက်ဆီးခံရကြောင်းသိရသည်။

မီး.ရှို့ဖျက်ဆီးခံရသော အိုးအိမ်များ နှင့် အသက်ဆုံးရှုံးခဲ့ရသော ပြည်သူ(၃)ဦး တို့အား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ မိသားစုများနှင့်အတူ ထပ်တူ ဝမ်းနည်းရပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

You may have missed