ဇန်နဝါရီ ၁၇၊ VOR
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် စစ်ကောင်စီ၏ တိုက် လေယာဉ်စီးကို KIA က ပစ် ခတ်လိုက်ရာ စစ်လေယာဉ်မှူးဗိုလ်မှူးနှင့် တွဲဖက် လေယာဉ်မှူး ဗိုလ် ကြီး တို့ သေဆုံးသွားကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံက သိရသည် ။
သေဆုံးသွားသူများမှာ ဗိုလ်မှူးအေးမြင့်နှင့် ဗိုလ်ကြီးကောင်းထက်စံတို့ဖြစ်ပြီး အဆိုပါ လေယာဉ်ဖြင့် နံနက် ၁၀ နာရီဝန်းကျင်တွင် ဗုံးကျဲ ရန် ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဂျက်တိုက်လေယာဉ်သည် တရုတ်နိုင်ငံ၊ Guizhou Aviation Industries Corporation (GAIC) က ထုတ် လုပ်သည့် FTC 2000 G အမျိုးအစားဖြစ်ပြီး မင်းအောင်လှိုင်က တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သန်းခွဲဖြင့် ၆စီးမှာယူထားခြင်းဖြစ်ကြောင်း သိရသည်။
KIA ပူးပေါင်းတပ်က ၂၀၂၁ မေလတွင် ၁စီး၊ နိုဝင်ဘာ ၁၁ရက်နေ့တွင် ကရင်နီပြည်တွင် KNDF+KIA ပူးပေါင်းတပ်ဖွဲ့နှင့် ၁စီး၊ ဇန်နဝါရီ ၃ရက်နေ့တွင် ဝိုင်းမော်တွင် ရက္ခာပို့ယာဉ် ၁စီးနှင့် ယခု နမ့်ဖက်ကာတွင် ၁စီး ပစ်ချနိုင်ခဲ့ပြီး စစ်ကောင်စီ၏ လေယာဉ်၄စင်းရှိပြီဖြစ်သည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်