Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ပလက်ဝ ၂၈၉ တပ်ရင်းကို AA က သိမ်းပိုက်လိုက်ပြီး တပ်မမှူး၊ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီးရမိ

ပလက်ဝ ၂၈၉ တပ်ရင်းကို AA က သိမ်းပိုက်လိုက်ပြီး တပ်မမှူး၊ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီးရမိ၊ စစ်တပ်က အကျအဆုံးများပြီး စခန်းစွန့်ထွက်ပြေး

ဇန်နဝါရီ ၁၄၊ VOR

ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး တပ်မမှူး၊ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီးရမိကြောင်း ဒေသတွင်း အရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီ ခလရ ၂၈၉ တပ်ရင်းကို ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ရက္ခိုင့်တပ်တော် AAက ၁၀ ရက်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တပ်မမှူး၊ ဗျူဟာမှူး အပါအဝင်စစ်ကောင်စီတပ်သား အများအပြားကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ရေတံခွန် တောင်ကုန်းတွင် ဖမ်းဆီးရမိပြီး နောက်ထပ် ဗျူဟာမှူး အပါအဝင် တပ်သား ၃၃ ဦးကို မီးချောင်း၊ စင်လီအနီး ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်ကျန်တပ်သားများ ဇန်နဝါရီ ၁၂ ရက်နေ့တွင် စခန်း စွန့်ခွာထွက်ပြေးသွားသည့်အတွက် AA က လိုက်လံဖမ်းဆီးလျက်ရှိသည်။

အဆိုပါ တပ်ရင်းသည် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါးရှိပြီး ပလက်ဝမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာချုပ် – အမ်းမြို့ ၏ကွပ်ကဲမူအောက်တွင် တည်ရှိသည်။

ပလက်ဝမြို့ သည် ကုလားတန် မြစ်၏ အနောက်ဖက်ကမ်းတွင် တည်ရှိပြီး မြို့အထိုင်တပ်ရင်း ခလရ-၂၈၉ နှင့် ဗျူဟာကုန်းသည် မြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။

You may have missed