Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ထရွန်အိုင်၊ နှုံးဘူး၊ ခဝဲ၊ ရှင်းလက်ဝ၊ တင်းမ (တောင်ရှည်)အပြင် "ခန်ခတောင်ဗျူဟာစခန်း"နှင့် “မီးဝဗျူဟာကုန်း”တို့ကို AA က ထပ်မံသိမ်းပိုက်

ထရွန်အိုင်၊ နှုံးဘူး၊ ခဝဲ၊ ရှင်းလက်ဝ၊ တင်းမ (တောင်ရှည်)အပြင် “ခန်ခတောင်ဗျူဟာစခန်း”နှင့် “မီးဝဗျူဟာကုန်း”တို့ကို AA က ထပ်မံသိမ်းပိုက်

ဇန်နဝါရီ ၁၄၊ VOR

ပလက်ဝဒေသတွင် လက်ကျန် ဗျူဟာကုန်းနှင့် စခန်းများကို AA ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ ဇန်နဝါရီ ၁၃ရက်နေ့တွင် စစ်ကောင်စီ၏ “ခန်ခတောင်ဗျူဟာစခန်း”နှင့် “မီးဝဗျူဟာကုန်း”တို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ လက်ကျန်ဗျူဟာစခန်းတစ်ခုဖြစ်သော “ခန်ခတောင်ဗျူဟာစခန်း” ကို ရက္ခိုင့် တပ်‌တော် (AA) မှ အပြီးသတ်ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ညနေ (၆) နာရီခန့်အချိန်ကလည်း ပလက်ဝ-ကျောက်တော်အစပ်တွင်ရှိသော “မီးဝဗျူဟာကုန်း” တစ်ခုလုံးအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ရယူထားနိုင်ခဲ့ပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဗျူဟာကုန်းသိမ်း” နှင့်ဆက်စပ်သည့် နောက်ဆက်တွဲသတင်းများအား ဆက်လက်‌ဖော်ပြပေးသွားပါမည်ဟု ဆိုသည်။

ချင်းပြည်နယ်ပလက်ဝဒေသရှိ စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ပိုက်ရန် ရခိုင့်တပ်တော် AA က မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ထရွန်အိုင်၊ နှုံးဘူး၊ ခဝဲ၊ ရှင်းလက်ဝ၊ တင်းမ (တောင်ရှည်)၊ ပလက်ဝ၊ မီးဝ၊ ခန်ခတောင်စသည့် ဗျူဟာစခန်းများကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

You may have missed