ဇန်နဝါရီ ၁၃၊ VOR
၁၀၂၇စစ်ဆင်ရေး၏ ညီနောင်မဟာမိတ် ၃ဖွဲ့ထဲမှ ယနေ့ ဇန်နဝါရီ ၁၂ရက်နေ့တွင် ကျရောက်သည့် ၆၁ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ တအာင်းတပ်မတော် TNLA နှင့် တအာင်းပြည်သူများအတွက် ညီနောင်မဟာမိတ်တပ်များဖြစ်သည့် ကိုးကန့်တပ် MNDAA နှင့် ရက္ခိုင့်တပ်တော် AA တို့က သဝဏ်လွှာပေးပို့ခဲ့သည်။
“နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်နှင့် မဟာမိတ်ဆက်ဆံရေးပီပြင်သည့် ဘဝတူတော်လှန်ရေးညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ ၆၁နှစ်တိုင် တအာင်းကံကြမ္မာကို တအာင်းဖန်တီးခွင့်ရရှိရေးလုပ်ဆောင်လာခဲ့သည့် တအာင်းတပ်အတော် (PSLF/TNLA )၏ တအာင်းအမျိုးသားတော်လှန်ရေးသည် အတိုင်းအတာတစ်ခုထိရောက်ရှိနေပြီ” ဟု ကျန်ညီနောင် ၂ဖွဲ့မှ သဝဏ်လွှာတွင် ဆိုထားသည်။
ဤသည်မှာ ၁၀၂၇စစ်ဆင်ရေးကြောင့်ဖြစ်ခဲ့ပြီး ညီနောင်မဟာမိတ် ၃ဖွဲ့၏ ပူးတွဲတိုက်ပွဲဝင်မှုနှင့် အခြားသောမဟာမိတ်တို့၏ ဟန်ချက်ညီ ပူးပေါင်းပါဝင်ခဲ့မှုကြောင့်ဖြစ်ကြောင်း၊ ဤစစ်ဆင်ရေးအတွင်း အသက်သွေးချွေး ပေးဆပ်ခဲ့ကြသော အယောက်စီတိုင်းကို လေးလေးနက်နက်ဂုဏ်ပြုပါကြောင်း သဝဏ်လွှာတွင်ဖော်ပြထားသည်။
ညီနောင်အချင်းချင်းကြားတွင် ကတောက်တဆအဆင်မပြေများ တစ်ခါတစ်ရံရှိခဲ့ကြသည့်တိုင်အောင် နားလည်မှု စိတ်ရှည်မှု သဘောထားကြီးမှုတို့ဖြင့်ဖြတ်သန်းခဲ့ကြကြောင်း ညီနောင်သုံးဖွဲ့၏ စည်းလုံးမှု အားထုတ်မှု အောင်ပွဲများသည် တော်လှန်ရေးအဖွဲ့အစည်းများအတွက် လေးစားဖွယ်အားကျဖွယ်ဖြစ်ခဲ့ရသည်မှာ အမှန်ပင်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
တစ်ဖွဲ့၏အခက်အခဲသည် အားလုံး၏အခက်အခဲ၊ တစ်ဖွဲ့၏အောင်မြင်မှုသည် အားလုံး၏အောင်မြင်မှု ဖြစ်သည်” ဟူသော ခံယူချက်များဖြင့် တစ်ဖွဲ့ချင်းစီ၏အိမ်မက်၊ စုပေါင်းဘုံအိမ်မက်များကို စည်းလုံးညီညွတ်စွာဖြင့် မရရအောင်ရယူကြရမည် ဟုဆိုသည်။
ညီနောင်မဟာမိတ် ၃ဖွဲ့သည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဆန္ဒဖြစ်သော စစ်အာဏာရှင် အမြစ်မပြတ်သ၍ မြည်မာပြည်သူများနှင့်အတူ တစ်သွေးတည်းတစ်သားတည်း ရှိနေမည်ဖြစ်သည်ဟု ညီနောင်အဖွဲ့များက ကတိပြုပြောဆိုသည်။
ဤမင်ဂလာရှိသောနေ့ရက်၌ တအာင်းတစ်မျိုးသားလုံးမျှော်မှန်းသော အလုံးစုံသောအိမ်မက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေကြောင်း ညီနောင်မဟာမိတ်တပ်များဖြစ်ကြသည့် ကိုးကန့်တပ် MNDAA နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါကြောင်း သဝဏ်လွှာပေးပို့ ခဲ့သည်။




More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်