Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

လားရှိုး-နမ္မတူလမ်း နားကွမ်းရွာတံတား ဖျက်ဆီးခံရ

လားရှိုး-နမ္မတူလမ်း နားကွမ်းရွာတံတား ဖျက်ဆီးခံရ၊ တပ်မတော်သားများက တော်လှန်ရေးတပ်များနှင့်ပူးပေါင်းတိုက်ခိုက်မည်ကိုစိုးရိမ်ပြီး လားရှိုးမြို့ကို စံချိန်တင်ဗုံးကြဲ

ဇန်နဝါရီ ၁၂၊ VOR

လားရှိုး-နမ္မတူလမ်း နားကွမ်းရွာတံတား ယမန်နေ့ ဇန်နဝါရီ ၁၁ရက်နေ့ညက ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

လားရှိုးတွင် လောက်ကိုင်ဒကစမှ ဒကစမှူးမျာကို ဖမ်းဆီးထားပြီးနောက် ၎င်းတို့သစ္စာခံ တပ်မတော်များလက်နက်ကိုင်ပုန်ကန်မည်ကို စိုးရိမ်ပြီး စစ်ကောင်စီက လားရှိုးမြို့ရှိ ကျေးရွာ ၆ရွာကို လေယာဉ်ဖြင့်ဗုံးကြဲခဲ့သည်။

လားရှိုးမြို့သည် ပတ်ပတ်လည်ဝိုင်းခံထားရသည့်အခြေအနေများရှိနေပြီး တော်လှန်ရေးတပ်များနှင့် တပ်မတော်သားများပူးပေါင်းတိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသည်။

လောက်ကိုင်ဒေသ တပ်မမှူး ဗိုလ်မှူးချုပ် ၆ဦးကို စစ်ကောင်စီက ဖမ်းဆီးထောင်ချလိုက်သဖြင့် ၎င်းတို့ကို သစ္စာခံသည့် လက်အောက်ခံ တပ်မတော်သားများက မကျေနပ်ကြဘဲ လက်နက်ကိုင်တိုက်ပွဲဝင်မည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီက လားရှိးမြိုကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ပုန်ကန်မည့် တပ်များ ရှိနေသည်ဟု ထင်မှတ်သော နေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုများ လုပ်ဆောင်နေကြောင်း၊ တော်လှန်ရေးတပ်များနှင့်အတူ တပ်မတော်သားများပါ ပူးပေါင်းတိုက်ပွဲဝင်မည်ဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လားရှိးမြိုနယ်ကျေးရွာ ၆ရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးများ ကြဲချခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြကြသည်။

ယမန်နေ့ ဇန်နဝါရီ ၁၁ရက် တစ်ရက်တည်းတွင် စစ်ကောင်စီတပ်မှ လားရှိးမြို့နယ်ရှိ ပန်ခေါ် ကျေးရွာ၊ ပန်ဖတ်ကျေးရွာ၊ ကောင်ဖြူကျေးရွာ၊ ပန်နားကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ကုန်းဆာကျေးရွာများ အနီးတစ်ဝိုက်သို Mi-35 ရဟတ်ယာဉ်ဖြင့် (၉) ကြိမ်၊ Y12 လေယာဉ်ဖြင့် (၁၅) ကြိမ် တိုင်လာရောက်၍ ဗုံး (၁၃၀) လုံးခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က သတင်းထုတ်ပြန်ထားသည်။

You may have missed