ဇန်နဝါရီ ၁၂၊ VOR
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တိုက်ပွဲများအတွင်း အမှတ် ၁၉ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်ရဲ့ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ရက္ခိုင့်တပ်တော်-AA က ဖမ်းဆီးရမိထားကြောင်း သတင်းအရင်းမြစ်များထံက သိရသည်။
စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ပလက်ဝမြို့အနောက်ဘက် ရေတံခွန်တောင်ကုန်းအနီးတွင်ယနေ့ ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် အလုပ်သင်ဗိုလ်အပတ်စဉ် ၂၃ ဆင်းဖြစ်ပြီး ရန်ကုန်တိုင်း၊ အလုံမြို့နယ် ဇာတိဖြစ်ကာ သမိုင်းအဓိက ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကြောင်း၊ မိခင်တပ်ရင်း အဖြစ် အမှတ် ၁၈ ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင် ခဲ့ ကြောင်း၊ သားသမီး ၂ ဦးရှိကြောင်း သိရသည်။
အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၉) သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက်ဖြစ်ပြီး လက်အောက်ခံတပ်ရင်းများနှင့်အတူ ပလက်ဝဒေသတွင်း တိုက်ခိုက်ရေးဝင်ရောက်ခဲ့သည်မှာ ၃နှစ်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။
ပလက်ဝဒေသတွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီတပ်သားများ အလင်းဝင်ရောက်ရန်ဖိတ်ခေါ်ထားပြီး လက်နက်ချအညံ့ခံခြင်းမရှိသူများကို ချေမှူန်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်