ဇန်နဝါရီ ၁၂၊ VOR
မကွေးတိုင်း၊ ယောမြို့နယ်အခြေစိုက် ယောကာကွယ်ရေးတပ် – YDF ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA)နဲ့အတူ တိုက်ပွဲဝင်ဆင်နွှဲလျက်ရှိကြောင်း ယနေ့ ဇန်နဝါရီ ၁၂ ရက် တွင် သတင်းထုတ်ပြန်လိုက်သည်။
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် ယောကာကွယ်ရေးတပ် – YDFအနေဖြင့် မဟာမိတ်တပ်များနှင့် အတူ စစ်ရေးအတွေ့အကြုံယူရင်း ရဲရင့်တက်ကြွစွာ ပူးပေါင်းပါဝင်ပြီး တိုက်ပွဲဆင်နွှဲခဲ့ကြသည်ဟု ဆိုသည်။
ယခုလို ပါဝင်တိုက်ခိုက်ခွင့်ပေးတဲ့အတွက်ရက္ခိုင့်တပ်တော်ကို ယောကာကွယ်ရေးတပ်ဖွဲ့ (YDF)က ကျေးဇူးများစွာတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်ရှည်တောင်ဗျူဟာကုန်းသိမ်း တိုက်ပွဲသည် ၃ ပတ်ကြာမြင့်ပြီး ၂၀၂၄ ဇန်နဝါရီ ၆ ရက်တွင် ရက္ခိုင့်တပ်တော် (AA)က တောင်ရှည်တောင်ဗျူဟာစခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့ရာ YDF တပ်ဖွဲ့မှ ဗျူဟာကုန်း တခုလုံးကိုသိမ်းပိုက်လိုက်သည့်အချိန်အထိ တက်ကြွစွာပါဝင်ခဲ့ကြောင်း သိရသည်။





More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်