ဇန်နဝါရီ ၁၁၊ VOR
မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ရွာအနီးရှိ သင်းကျစ်တော်တောင် ဘုရားတွင် တပ်စွဲထားသည့် စစ်စခန်းမှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် (၆)ဦး ရက္ခိုင့်တပ်တော် (AA) ထံလက်နက်ချ အလင်းဝင် ရောက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများထံက သိရသည်။
အဆိုပါစခန်းမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်မှ အရာရှိ တချို့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ညနေ (၄) နာရီခန့်တွင် ယခုကဲ့သို့ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မြောက်ဦး သင်းကျစ်တော်တောင် စခန်းကို ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ့ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု ယမန်နေ့က AA က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံရန် ဆက်သွယ်မှုများ ရရှိ ထားသည်ဟုလည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက တပ်တော်ထံ အချိန်မရွေး ဆက်သွယ် နိုင်သည်ဟု အသိပေးထားသည်။
လက်ရှိမြောက်ဦးမြို့တွင် ခမရ ၃၇၇ တပ်ရင်း၊ ၃၇၈ တပ်ရင်း၊ ၅၄၀ တပ်ရင်း၊ လင်းမြွေတောင် တပ်စခန်း နှင့် အမှတ် ၃၁ ရဲတပ်ရင်းတို့သာ ကျန်ရှိတော့ပြီး ပလက်ဝဒေသစခန်းတော်တော်များများကိုလဲ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်