ဇန်နဝါရီ ၁၁၊ VOR
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာအခြေပြု စစ်ကောင်စီနှင့်ပျုစောထီးစခန်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် (၁) စစ်ဒေသ၊ ကန့်ဘလူခရိုင်ကွပ်ကဲရေးဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခရိုင်တပ်ရင်းများ၊ ခရိုင်ပကဖ လှုပ်ရှားတပ်ဖွဲ့များ၊ မြို့နယ်/ရပ်ကျေးပကဖများက ယနေ့ ဇန်နဝါရီ ၁၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး စစ်ကောင်စီတပ်ထံမှ ကာဘိုင် (၈) လက်၊ G-3 (၁) လက်၊ Shoot Gun (၅) လက်အပါအဝင် ကျည်နှင့်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်