Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

ဖယ်ခုံမြို့နယ်ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံး အများစုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်

ဇန်နဝါရီ ၁၁၊ VOR

ကရင်နီပြည် ဖယ်ခုံမြို့မရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာရုံးအများစုကို ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ၁၁၁၁စစ်ဆင်ရေးအဖြစ် ဖယ်ခုံ PDF တပ်ရင်းများအပါအဝင် တော်လှန်ရေးတပ်ပေါင်းစုများက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်မှ တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးကြောင်း ကနဦးသိရပြီး လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုနှင့် နောက်ဆက်တွဲ အသေးစိတ်အခြေအနေများကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ပေါင်းစုကထုတ်ပြန်ပေးမည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖယ်ခုံမြို့တွင်းတိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဥ်ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှုများရှိသလို ပြည်သူနေအိမ်တချို့လည်း မီးလောင်ပြာကျသွားခဲ့သည်။

ဒီဇင်ဘာလ ၂၃၊ ၂၄ နှင့် ၂၅ ရက်တွင် ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနှင့်လွယ်ပတာ စခန်းကုန်းများကို မဟာမိတ်တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိခဲ့ပြီး ဖယ်ခုံမြို့ အဝင်နှင့်အထွက် အသီးသီးကို ထိန်းချုပ်ထားခဲ့သည်။

You may have missed