Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ဗိုလ်မှူးချုပ် မင်းမင်းထွန်းက နမ့်ဆန်လူထူထုနဲ့ မြန်မာနိုင်ငံသားများအား တောင်းပန်၊ ဝန်ခံထွက်ဆို

နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် TNLA ကဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ တပ်မ(၁၀၁)တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းက နမ့်ဆန်လူထူထုနဲ့ မြန်မာနိုင်ငံသားများအား တောင်းပန်၊ ဝန်ခံထွက်ဆို

ဇန်နဝါရီ ၁၀၊ VOR

နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် TNLA ကဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ တပ်မ(၁၀၁)တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းက နမ့်ဆန်လူထူထုနှင့် မြန်မာနိုင်ငံသားများအား တောင်းပန်ကာ ဝန်ခံထွက်ဆိုသည့် ရုပ်သံကို TNLA ကယနေ့ထုတ်ပြန်သည်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၆၀ကျော် သေဆုံးကာ စစ်သုံ့ပန်း ၃၀ ဦး ဖမ်းဆီးရမိခဲ့ပြီး တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးမင်းမင်းထွန်းသည် ထွက်ပြေးသွားခဲ့ပြီး ဒီဇင်ဘာ ၂၁ရက်တွင် ၎င်းနှင့်အဖွဲ့ကို TNLA ကဖမ်းဆီးရမိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်း ၊ ဗိုလ်မှူး ၊ ဗိုလ်ကြီး အပါ အဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ကာ နမ့်ဆန်မြို့ရှိ စစ်စခန်းအားလုံးကို TNLA က တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်ဆန်မြို့ရှိ ဗိုလ်မှူးချုပ်မင်းမင်းထွန်း (တပ်မ-၁၀၁၊ တပ်မမှူး)အခြေချ ကွပ် ကဲနေသည့် စစ်စခန်းများ၊ တပ်မတော်ပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ အားလုံးကို TNLA က သိမ်းပိုက်ခဲ့သည်။

နမ်ဆန်မြို့နယ် သို့ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ဦးသေဆုံးပြီး ၁၆ဦးဒဏ်ရာရရှိခဲံ့ကာ နေအိမ် ၁၃၁လုံးပျက်စီးဆုံးရှုံးခဲ့မှုကို သိရှိရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ဗိုလ်မှူမင်းမင်းထွန်းက ပြောသည်။

တပ်မမှူးအဖြစ်စတင်ထမ်းဆောင်စဉ် ကုန်းရွာနှင့် မြို့သစ်ဘက်သို့ လက်နက်ကြီး ၂ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ၎င်းအနေဖြင့် ပြည်သူများကို ထိခိုက်လိုစိတ်မရှိကြောင်းဝန်ခံပြောဆိုသည်။

“မြန်မာ့တပ်မတော်အနေနဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးခြင်း လေကြောင်းတိုက်ခိုက်ခြင်း အပါအဝင် စစ်ရာဇဝတ်မျိုးစုံကျူးလွန်နေတာကြောင့် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ခေါင်းဆောင်ကြီးများကို အခုကျူးလွန်နေတဲ့လုပ်ရပ်များကို ရပ်တန့်ပေးဖို့ မြန်မာပြည်သူများကိုယ်စား ပြောလိုပါတယ်”ဟု ပြောသည်။

ထို့ပြင် တပ်မတော်၏ လေကြောင်းလက်နက်ကြီးကြောင့် သေဆုံးခဲ့ရသည့် အပစ်မဲ့ပြည်သူများကို စိတ်မကောင်းစွာဖြင့် တောင်းပန်ပါကြောင်း ပြောသည်။

ဇနီး အမေ သားနှင့် သမီးကို လုံခြုံသည့်နေရာတွင် ကျန်းကျန်းမာမာရှိနေကြောင်း စိတ်မပူကြရန်ပြောလိုကြောင်း ပြောဆိုခဲ့သည်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်းက နမ့်ဆန်လူထူထုနဲ့ မြန်မာနိုင်ငံသားများအား တောင်းပန်၊ ဝန်ခံထွက်ဆို

You may have missed