Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ပြင်ဦးလွင်-နောင်ချိုကြားရှိ သံဘိုကျေးရွာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကြောင်းမှူးဒုတိယဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းမိ

ပြင်ဦးလွင်-နောင်ချိုကြားရှိ သံဘိုကျေးရွာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကြောင်းမှူးဒုတိယဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းမိ၊ ပြင်ဦးလွင်မြို့(မေမြို့)အား ပစ်ခတ် လှုပ်ရှားနိုင်တော့မည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆို

ဇန်နဝါရီ ၄၊ VOR

ရှမ်းမြောက်ဒေသအစ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကာ်စီတပ်စခန်းကို TNLA/MDY ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းမှူးဒုတိယဗိုလ်မှူးကြီးသက်အောင်ကိုအရှင်ဖမ်းမိကြောင်း TNLA/MDY -PDF က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ စခန်းသည် ပြင်ဦးလွင်နှင့် နောင်ချိုကြား၌ တည်ရှိပြီး ဇန်နဝါရီလ ၂ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းမိပြီး သေဆုံးသူများပြားကာ လက်နက်ခဲယမ်းများနှင့် Jammer စက်ကြီးများ သိမ်းဆည်းရရှိကြောင်း သိရသည်။

“တောင်သမန် စစ်ဆင်ရေး”ဖြင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲများက နောင်ချိုမြိုနယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သံဘိုကျေးရွာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိ၌ ဆုတ်ခွာထားရသည့် စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေပြီး အဆိုပါကျေးရွာရှိ စစ်တပ်စခန်းကို TNLA/MDY-PDF အဖွဲ့က ရရှိလျှင် ပြင်ဦးလွင်မြို့(မေမြို့)အား ပစ်ခတ် လှုပ်ရှားနိုင်တော့မည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။

You may have missed