Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
May 24, 2026

ပြင်ဦးလွင်(မေမြို့)တွင် စစ်တွင်းအမိန့်အရ အေးချမ်းပြီဟု သတင်းဖြန့်

ပြင်ဦးလွင်(မေမြို့)တွင် စစ်တွင်းအမိန့်အရ အေးချမ်းပြီဟု သတင်းဖြန့်နေသော်လည်း တပ်တွင်း ကတုတ်ကျင်းများတူးနေ၊ မြို့အဝင်/အထွက် လုံခြုံရေးတင်းကြပ်၊ပြင်ဦးလွင်စစ်ဆေးရုံတွင် အလောင်းများပုံထပ်နေပြီး အသုဘချမှုများပြား

ဇန်နဝါရီ ၁၀၊ VOR

ပြင်ဦးလွင်(မေမြို့)တွင် စစ်မိန့်အရ အေးချမ်းပြီဟု သတင်းဖြန့်နေသော်လည်း မြို့အဝင်အထွက်များတွင် ကတုတ်ကျင်းများတူးနေကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံက သိရသည်။

ပြင်ဦးလွင်(မေမြို့) ကျောက်မဲလေးရွာကို TNLA ပူးပေါင်းတပ်များက ဇန်နဝါရီ ၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အေးချမ်းပြီဟု သတင်းဖြန့်ရန် အမိန့်ပေးစေခိုင်းနေပြီး မြို့ဝင်/အထွက်များတွင် ကတုတ်ကျင်းများတူးနေကြောင်း မေမြို့ပင်မအထွေထွေသပိတ်တာဝန်ရှိသူက VOR ကိုပြောသည်။

“မေမြို့က ပုံမှန်ပါပဲ လာလည်လိုရပါတယ် စစ်လော်ဘီတွေ ဇွတ်ကို ဖြန့်နေတာ တပ်ထဲ‌မှာရော မြို့အ၀င်/အထွက်တွေ ရွာအ၀င်/အထွက်တွေမှာကတုတ်ကျင်းတူးနေတာပါ”ဟု မေမြို့ပင်မအထွေထွေသပိတ်တာဝန်ရှိသူက VOR ကိုပြောသည်။

လက်ရှိတွင် မေမြို့နှင့်ထိစပ်သည့်နေရာများတွင် တိုက်ပွဲဖြစ်နေပြီး TNLA ပူးပေါင်းတပ်ကသိမ်းယူထားသည့်သံဘိုကျေးရွာဘက်သို့လေကြောင်းအသွားများကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ပြင်ဦးလွင်စစ်ဆေးရုံတွင် အလောင်းများပုံထပ်နေပြီး သုသာန်များတွင် အသုဘချမှုများလည်း များပြားနေသည်ဟု သိရသည်။

“ကြာပြီ ခိုးကြောင်ခိုဝှတ်နဲ့ လုပ်နေတာကြာပြီ အခုက အသေများနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မေမြို့ ၈မိုင်ကုန်း အသုဘလာချတာ အလောင်းအ‌မြောက်အများနဲ့ဗိုလ်မူး ၆ယောက်ကျော်တယ် အမိန့်စာပြန်နေတယ်”ဟု မေမြို့ပင်မအထွေထွေသပိတ်တာဝန်ရှိသူက VORကို ဆက်ပြောသည်။

အခြားတိုက်ပွဲများမှ ဒဏ်ရာရစစ်သားများ ပြင်ဦးလွင်စစ်ဆေးရုံတွင် လာရောက်ကုသနေကြပြီး အသုဘချမှုများလည်းများပြားနေသောကြောင့် သုသာန်များတွင် အသုဘချချိန်ကို ပြည်သူနှင့်စစ်တပ် အချိန်ခွဲခြားသတ်မှတ်နေရကြောင်း ၎င်းကဆိုသည်၊။

ပြင်ဦးလွင်နှင့် နောင်ချို မြို့နယ်အစပ် တောင်ကုန်းနေရာများတွင် တပ်အင်အားထောင်ချီအသုံးပြုကာ ခံစစ်ပြင်ဆင်ထားသလို မြို့အဝင်အထွက် လုံခြုံရေးတင်းကြပ်ထားပြီး မြို့တွင်းအစစ်အဆေးလည်း များနေသည်ဟု မြို့ခံအမျိုးသား ၁ ဦးက ပြောသည်။

မိုးကြိုးဂိတ်ကို အဝင်အထွက်စစ်ဆေးနေပြီး ဝက်ဝံဂိတ်ဘက်တွင် စစ်ဘေးရှောင်အဝင်မခံကြောင်း တပ်အတွင်းကတုတ်ကျင်းများတူးပြီး နေထိုင်သူများ ည၈နာရီ နောက်ပိုင်းအပြင်မထွက်ရအမိန့်ထုတ်ထားကြောင်း မေမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

“တပ်တွင်းကတုတ်ကျင်းတွေတူး ဗုံးတွေတပ်ဆင်တာ အဝေးထိန်း လက်နက်တချို့ လူသူမသိအောင်တပ်ဆင်ထားတယ်လို့ကြားသိရတယ် ရေးချမ်းအိုး မိုးကြိုးအောက် တပ်နဲ့နီးတဲ့နေရာတစ်ချို့ဖယ်ပေးရမယ်လို့ကြားရတယ်”ဟု ဆိုသည်။

လက်ရှိအချိန်အထိ ရှမ်းပြည်ဘက်မှ မေမြို့သို့၀င်လာလျှင် မြင်ရနိုင်သည့် ဗျူဟာကုန်းနေရာများတွင် စစ်ကောင်စီတပ်မှ လက်နက်အင်အား လူအင်အားဖြန့်ကျက်လျက် ကတုတ်ကျင်းများတူးကာ အေးချမ်းနေသည်ဆိုပြီး သတင်းများဖုံးဖိကာ တော်လှန်ရေးတပ်များဝင်ရောက်လာမည်ကို ခံစစ်ပြင်လျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်(မေမြို့)တွင် စစ်တွင်းအမိန့်အရ အေးချမ်းပြီဟု သတင်းဖြန့်

You may have missed