ဖေဖော်ဝါရီ ၂၊ VOR မတ္တရာမြို့နယ်တွင် ပြည်သူနေအိမ်များကို မီးရှို့ပြီးပြန်လာသော စစ်ကောင်စီတပ်ကား ၁စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဝတ်စုံနှင့် ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြစ်ကမ်းကျေးရွာကို မီးရှို့ပြီး ပြန်လာသော စစ်ကောင်စီ...
Breaking News
ဖေဖော်ဝါရီ ၂၊ VOR အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ပတ်သက်ပြီး ဂျပန်လွှတ်တော်အတွင်း ကြားနာပွဲတရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ...
ဖေဖော်ဝါရီ ၂၊ VOR ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ရွှေပြည်အေးမြို့ကို စစ်တပ်နှင့် SNA ပူးပေါင်းစစ်ကြောင်းမှ ထိုးစစ်ဆင်နေပြီး လေကြောင်း လက်နက်ကြီးဖြင့် နေ့စဉ်ဗုံးကြဲနေသော်လည်း တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။ စစ်တပ်နှင့် SNA ပူးပေါင်းစစ်ကြောင်းမှ...
ဖေဖော်ဝါရီ ၁၊ VOR ပခုက္ကူမြို့အဝင်တစ်နေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရအလံအား မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များက စိုက်ထူထားနိုင်ခဲ့ပြီး ၊ မြို့နယ်အတွင်း၌လည်း Silent Strike နှင့်White Campaign များဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ " မအောင်မြင်တဲ့...
ဖေဖော်ဝါရီ ၁၊ VOR စစ်ကောင်စီနှင့် ဆက်နွယ်လုပ်ကိုင်နေသည့် ခရိုနီ လုပ်ငန်းရှင် ၄ ဦးနှင့် ကုမ္ပဏီ ၂ ခုတို့ကို အရေးယူပိတ်ဆို့လိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက အာဏာသိမ်းမှု ၃ နှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီ...
ဖေဖော်ဝါရီ ၁၊ VOR စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်သားများ စစ်ကြောင်းထိုးကာ လက်နက်ကြီးငယ်ဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ကျေးရွာ ၁၀ရွာထက်မနည်း ဒေသခံသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၃၁ရက်...
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော ဗိုလ်၁ဦးအပါအဝင် ၁၅ ဦးကို ချင်းဒေသကာကွယ်ရေးတပ် CDF – Daai က အရှင်ဖမ်းမိထားပြီး ဆေးကုသပေးနေကြောင်း CDF – Daai က ယနေ့ သတင်းထုတ်ပြန်သည်။...
ဖေဖော်ဝါရီ ၁၊ VOR ရက္ခိုင်ပြည် မြောက်ဦးအခြေစိုက် “ခမရ (၅၄၀) တပ်ရင်း” ကို ယမန်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် တပ်ရင်းတစ်ခုလုံးအား အပြီးသတ် ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။...
ဖေဖော်ဝါရီ ၁၊ VOR ကော့ကရိတ်မြို့ အလက(၂)၊ တောင်ပေါ်ရပ်လမ်းဆုံတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၈ဦးသေဆုံးပြီး ၉ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၂)၊ တပ်ခွဲ (၆) နှင့် နယ်မြေခံ ပူးပေါင်းစစ်ကြောင်းမှ...
ဇန်နဝါရီ ၃၁၊ VOR တတိုင်းပြည်လုံး ပုံမှန်အခြေအနေမဟုတ်သဖြင့်ဟုဆိုကာ စစ်ခေါင်းဆောင်က ၎င်းရာထူးအား နောက်ထပ် ၆လ သက်တမ်းတိုး မည်ဟု ဆွေးနွေးတိုင်ပင်ပြီး ၎င်းတို့၏ ရုပ်သေး ယာယီသမ္မတ ဦးမြင့်ဆွေက အတည်ပြုလိုက်ကြောင်း စစ်ကောင်စီမီဒီယာထံက သိရသည်။ စစ်ကောင်စီ...
