Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 30, 2026

တတိုင်းပြည်လုံး ပုံမှန်အခြေအနေမဟုတ်သဖြင့် စစ်ခေါင်းဆောင် သက်တမ်း ၆လထပ်တိုး

တတိုင်းပြည်လုံး ပုံမှန်အခြေအနေမဟုတ်သဖြင့် စစ်ခေါင်းဆောင် သက်တမ်း ၆လထပ်တိုး

ဇန်နဝါရီ ၃၁၊ VOR

တတိုင်းပြည်လုံး ပုံမှန်အခြေအနေမဟုတ်သဖြင့်ဟုဆိုကာ စစ်ခေါင်းဆောင်က ၎င်းရာထူးအား နောက်ထပ် ၆လ သက်တမ်းတိုး မည်ဟု ဆွေးနွေးတိုင်ပင်ပြီး ၎င်းတို့၏ ရုပ်သေး ယာယီသမ္မတ ဦးမြင့်ဆွေက အတည်ပြုလိုက်ကြောင်း စစ်ကောင်စီမီဒီယာထံက သိရသည်။

စစ်ကောင်စီ ထိပ်သီးခေါင်းဆောင်များပါဝင်သည့် ကာလုံအစည်းအဝေးတစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၎င်းထပ်မံသက်တမ်းတိုးထားသည့် ၆ လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သာမန်အခြေအနေ မဟုတ်ခြင်းကြောင့်ဟု ဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လသက်တမ်းတိုးမြှင့် ပေးရန် စစ်ခေါင်းဆေင်က တင်ပြသည်။

၎င်းအဆိုကို ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ဦးတီခွန်မြတ်၊ ဒုချုပ် စိုးဝင်း၊ တင်အောင်စန်း၊ ရာပြည့်၊ ဦးသန်းဆွေ၊ ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး တို့ တက်ရောက်ပြီး စစ်ခေါင်းဆောင်အားထောက်ခံခဲ့ကြသည်။

စစ်ခေါင်းဆောင်၏ တာဝန်ထမ်းဆောင်ခဲ့မှုအခြေအနေများတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ခိုက်မှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်မှုများ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူရန် နှင့် နိုင်ငံအားတည်ငြိမ်အေးချမ်းသည့် ပုံမှန်အနေအထား၊ သာမန်အနေအထားမရောက်သေးသည့်အတွက်ဟု ဆိုကာ အကြောင်းပြတင်ပြခဲ့သည်။

အဆိုပါတင်ပြမှုကို ၎င်းတို့၏ယာယီသမ္မတနှင့် ခေါင်းဆောင်အဖွဲ့တို့က ထောက်ခံကြပြီး ဦးမြင့်ဆွေက နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း အတည်ပြုလိုက်သည်။

မင်းအောင်လှိုင် အာဏာသိမ်းသည့် ၃နှစ်တာကာလအတွင်း အပြစ်မဲ့ပြည်သူ ၄ထောင်ကျော်သေဆုံခဲ့ရပြီး သိန်းနှင့်ချီသောပြည်သူများ စစ်ဘေးရှောင်နေရကာ စစ်တပ်မီးရှို့မှုကြောင့် ပြာကျခဲ့ရသည့်နေအိမ် ထောင်ချီရှိပြီဖြစ်သည်။

You may have missed