Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 29, 2026

အာဏာသိမ်း(၃)နှစ်ပြည့်နေ့တွင် စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်နေသဖြင့် ခင်ဦးဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရ

အာဏာသိမ်း(၃)နှစ်ပြည့်နေ့တွင် စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်နေသဖြင့် ခင်ဦးဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရ

ဖေဖော်ဝါရီ ၁၊ VOR

စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်သားများ စစ်ကြောင်းထိုးကာ လက်နက်ကြီးငယ်ဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ကျေးရွာ ၁၀ရွာထက်မနည်း ဒေသခံသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၃၁ရက် နံနက်ပိုင်းတွင် ရေဦးနယ် မှ အင်အား(၁၀၀)ကျော်ပါ အကြမ်းဖက် စစ်ကောင်စီတပ်သားများ သည် ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ မြင်းကျ၊ သာဝတ္ထိ၊ ကလုံ စသည့်ကျေးရွာများအား စစ်ကြောင်းထိုးနေခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ယနေ့မနက်ပိုင်းတွင်လည်း အဆိုပါစစ်ကြောင်းသည် ခင်ဦးနယ် အနောက်မြောက်ခြမ်း ပျဥ်ထောင်ပျူရွာမှ ထွက်ကာ ကလုံကျေးရွာမှ သာဝတ္ထိကျေးရွာအတွင်း လက်နက်ကြီးငယ် ရမ်းသမ်းပစ်ခတ်၍ဝင်ရောက်နေသောကြောင့် ကျွန်းတောကြီး၊ မြင်းကျ၊ မကျီးအုပ်၊ ယာတော်၊ သာဝတ္ထိ၊ မြင်းဒေါင်း၊ သရက်ပင်စု၊ ကားဆိပ်၊ ကျွန်းတောလေး၊ ရှင်မင်းတွေ၊ ကလုံ၊ တဲစုစသည့်ကျေးရွာများမှ အမျိုးသမီးကလေးငယ် သက်ကြီးရွယ်အို များအပါအဝင်ဒေသခံသောင်းချီထွက်ပြေးနေရပြီး အကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။

You may have missed