မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် သရက်ကွပျူစောထီးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဘက်က ၁၄ဦးသေဆုံးကာ လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။မြိုင်မြို့နယ် သရက်ကွ ပျူစောထီးရွာကို ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၆နာရီအချိန်မှာ တော်လှန်ရေးအင်အားစုတွေက...
Battles
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း...
ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ဖလမ်းမြို့နယ်မှာ ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်အတွင်း ခရိုင်၊ မြို့နယ်အဆင့်ရှိအရာရှိများအပါအဝင် ၁၆၀ ကျော်လက်နက်ချပြီး လက်နက်ခဲယမ်းအများပြားသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းညီနောက်က ထုတ်ပြန်လိုက်ပါတယ်။နိုဝင်ဘာလ ၉ ရက်နေ့က စတင်ဖော်ဆောင်ခဲ့တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေရဲ့ မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီအရာရှိတွေနဲ့ အင်အားရာချီလက်နက်ချလာခဲ့တာဖြစ်ပါတယ်။မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း...
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဲ့ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်အနီးက စခန်းကုန်း ၂ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အရာရှိ ၂ဦးအပါအဝင် ၁၄ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ရေဖြူမြို့နယ် ကံပေါက်ဒေသ အတွင်းရှိ ရေကန်တောင်မှာ...
ကန့်ဘလူမြို့နယ် မန်ကျည်းကုန်းရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ဒီဇင်ဘာ ၁၆ ရက်နေ့မနက် ၆ နာရီ ၂၀ မိနစ်က ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာ အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းနဲ့...
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း အင်အားရာနဲ့ချီကျန်ရှိနေပြီး အာရက္ခတပ်တော်က အလံဖြူထောင်ဖို့ သတိပေးနေတယ်လို့ သိရပါတယ်။စစ်တပ်ဘက်က ပစ်ကူပေးနေတဲ့လက်နက်ကြီးကြောင့် ကျန်နေတဲ့ စစ်သားတွေ အချင်းချင်းထိမှန်ပြီး သေဆုံးဒဏ်ရာရမှုတွေရှိနေတယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။တိုင်းစစ်ရုံးထဲမှာ အင်အား ရာချီခန့်ရှိနေတဲ့ စစ်သားတွေဟာ...
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူဂိတ်အနီးမှာ အစီး ၆၀ကျော်ပါစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ဒီဇင်ဘာလ ၁၅ ရက် ညနေ ၄ နာရီ ၃၀...
ရခိုင်ပြည်နယ် မောင်တောမြို့အခြေစိုက် အမှတ် ၅နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၅) ကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးတွေအပါအဝင် ငွေသား သိန်း ၈၀၀ကျော်ခန့်နဲ့အတူ အသေဖမ်းမိကြောင်း အာရက္ခတပ်တော် AAက...
ပြီးခဲ့တဲ့ဇွန်လ ၂၅ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းမှာ TNLA အလုပ်သင်ဗိုလ် အပတ်စဉ် (၄)က သင်တန်းသား ၁၃၂ဦးပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ဒီဇင်ဘာ ၁၅ရက်နေ့ကပြုလုပ်ခဲ့တဲ့ တအာင်းတပ်မတော် အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training -...
ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်နေရာဟောင်းဖြစ်တဲ့ မာနယ်ပလောဒေသရှိ စစ်ကောင်စီရဲ့ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၆ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း...
