Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

မုန်းမြို့မှ စစ်သုံ့ပန်းများအား နိုင်ငံတကာဥပဒေများနှင့်အညီ ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံးမှ ကောင်းမွန်စွာစောင့်ရှောက်ထား

မုန်းမြို့မှ စစ်သုံ့ပန်းများအား နိုင်ငံတကာဥပဒေများနှင့်အညီ ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံးမှ ကောင်းမွန်စွာစောင့်ရှောက်ထား

ဇန်နဝါရီ ၁၅၊ VOR

မုန်းမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်အောက်ခံတပ်သား (၁၉) ဦးခန့်မှာ လက်နက်ချ အညံ့ခံခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း တပ်ဝင်း များအတွင်းရှိ တပ်မိသားစုဝင် (၄၂) ဦးခန့်ကိုလည်း လက်နက်ကြီးများနှင့်လေကြောင်းတိုက်ခိုက်မှုများအကြား ဘေးလွတ်ရာသို့ ရွှေပြောင်းကာ စစ်သုံ့ပန်းဦးပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရသည်ဟု ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များအား ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ညီလာခံ အစည်းအဝေးကြီးကအတည်ပြု ကြေငြာခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်းပါ အပိုဒ် (၁)၊ အပိုဒ် (၃)၊ အပိုဒ် (၅) နှင့် အပိုဒ် (၉) ပါ အခွင့်အရေးများအား တစိုးတစိမျှ ချိုးဖောက်ခြင်းမရှိဘဲ လူသားတစ်ဦး၏ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ရန် ကူညီစောင့်ရှောက် ပေးထားလျက်ရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်များအနေဖြင့် အဘက်ဘက်မှဆုတ်ယုတ်လာပြီး ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးအတွက် ဝါဒဖြန့်ချီရေး ယန္တယာကိုအသုံးပြုကာ ၎င်းတို့၏အမြဲတစေ လုပ်ဆောင်ခဲ့သော ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းနှင့် သတင်းအမှားများကိုအသုံးပြုပြီး တော်လှန်ရေး အဖွဲ့အစည်းများကို ပြည်သူလူထုများ အနေဖြင့်အထင်အမြင်လွှဲမှားအောင်လုပ်ဆောင်ခြင်းတို့ကို အားထုတ်လုပ်ဆောင်လျက်ရှိသည်။

ပြည်သူလူထုများအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ဝါဒဖြန့်ချီမှုများမှ ရှောင်ကျဉ် နိုင်ရန်အတွက် ရရှိလာသော သတင်းအချက်အလက်များကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်း၏ တရားဝင် လူမှုကွန်ယှက်သတင်းစာမျက်နာများ၊ ယုံကြည်စိတ်ချရသော သတင်းဌာနများမှ ထုတ်ပြန် သည့်သတင်းအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် တိုက်တွန်းနိုးဆော် ထားသည်။

You may have missed