Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

NUG မှ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၀.၅၁)ဘီလီယံပံ့ပိုးပေးခဲ့ဟု ဆို

NUG မှ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၀.၅၁)ဘီလီယံပံ့ပိုးပေးခဲ့ဟု ဆို

ဇန်နဝါရီ ၁၆၊ VOR

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆)မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)အထိ ဒေသအလိုက် လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၀.၅၁)ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ ၅.၀၁သန်း)ကို ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု NUG က သတင်းထုတ်ပြန်သည်။

အဆိုပါ လူသားချင်းစာနာမှု အကူအညီများကို အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ မီးရှို့ဒဏ်ခံ ပြည်သူများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည့် နေရပ်စွန့်ခွာပြည်သူများ၊ တော်လှန်ရေး၌ ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ အာဏာဖီဆန် CDM နိုင်ငံ့ဝန်ထမ်းများ၊ သဘာဝဘေး အန္တရာယ်ဒဏ်ခံရသူများ၊ အသိပညာပေးလုပ်ငန်းများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများထံ လက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ လူသားစာနာတာဝန်ခံများ၊ စေတနာ့ဝန်ထမ်း ပြည်သူများနှင့် လက်တွဲချိတ်ဆက်၍ ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု သိရသည်။

၃ နှစ်နီးပါးကာလအတွင်း အဖက်ဖက် အကျပ်အတည်းများကြားမှ တော်လှန်အောင်စိတ်ဖြင့် ပါဝင်လှုပ်ရှားလှူဒါန်းပေးလျက်ရှိကြသော အလှူရှင်တစ်ဦးချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ကြောင်း NUG က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUG မှ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁၀.၅၁)ဘီလီယံပံ့ပိုးပေးခဲ့ဟု ဆို

You may have missed