Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး၏ ရက်လည် ဆွမ်းသွပ်တရားနာပြုလုပ်

ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး၏ ရက်လည် ဆွမ်းသွပ်တရားနာပြုလုပ်

ဇန်နဝါရီ ၁၄၊ VOR

မြန်မာဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး၏ ရက်လည်ဆွမ်းသွပ်တရားနာပွဲကို ယနေ့ဇန်နဝါရီ ၁၄ရက်နေ့တွင် အမေရိကန်နေအိမ်တွင် ပြုလုပ်ခဲ့ပြီး နီးစပ်သူမြန်မာအသိုင်းဝိုင်းများ တက်ရောက်ခဲ့ကြသည်။

ဒေါ်မာမာအေးကို ဧရာဝတီတိုင်းမြောင်းမြမြို့၌ ၁၉၄၂ခုနှစ် ဇွန်လ ၂၆ရက်နေ့တွင် ဖွားမြင်ပြီး

အသက် ၈၂နှစ် ရှိပြီဖြစ်ကာ မြန်မာစံတော်ချိန် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈တွင် ကွယ်လွန်ခဲ့သည်။

ဒေါ်မာမာအေးသည်၂၀ဝ၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် သံဃာတော်တွေသွေးမြေကျခဲ့ရှာပေါ့ အစချီတေးသီချင်းကို သီဆိုခဲ့ပြီး၉၈ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် မြန်မာပြည်မှ ထွက်ခွာလာခဲ့ရသည်။

လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်ပြီး ပြည်ပရောက်မြန်မာများ၏ ဒီမိုကရေစီအလှုပ်ရှားမှုများတွင် အနုပညာဖြင့်ပါဝင်ခဲ့သည်။

You may have missed