ဇန်နဝါရီ ၁၄၊ VOR
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းရှေ့နှင့် ရဲစခန်းဝန်းအတွင်းကို ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ဒရုန်းဖြင့် Bomb-သီး(၂)လုံးချ တိုက်ခိုက်ရာ စစ်သား ၂ဦးနေရာတင် ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
ဇန်နဝါရီလ(၁၃)ရက်နေ့ကလည်း ညောင်ပင်ဝန်းစခန်းမှ စစ်ကိုင်းမြို့နယ် ပေါက်ကားရွာကို စစ်ကြောင်းထိုးမီးရှို့ အကြမ်းဖက်ပြီး ညောင်ပင်ဝန်းစခန်းသို့ပြန်လာသော စစ်ကြောင်း ခေတ္တနားရာနေရာကို ဒရုန်းဖြင့် Bomb သီး(၄)လုံးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုကို စုံစမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြို့နယ် ပကဖ တာဝန်ခံဦးစီးပြီး Black Eagle Defence Force-MMU တပ်ဖွဲ့ ၊ GTR Drone တပ်ဖွဲ့၊ Young Wolf drone တပ်ဖွဲ့ နှင့် မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းမူမြို့နယ် ပကဖ) တို့မှ ဒရုန်းစစ်ဆင်ရေး ပူးပေါင်းဖော်ဆောင်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်