ဇန်နဝါရီ ၁၅၊ VOR
စစ်ကောင်စီ တပ်သား များအနေဖြင့် “မသေလိုလျှင် အလံဖြူထောင်ရန် ၊ ထွက်ပြေးလိုလျှင် လမ်းဖွင့်ပေးပါ ခွင့်တောင်းရန်” ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ ထုတ် ဖော် ပြောဆိုလိုက်သည်။
“မသေ၊မနာချင်ရင်စောစောစီးစီးအလံဖြူထောင်၊ထွက်ပြေးချင် တယ် လမ်းဖွင့်ပေးပါ ဘာညာခွင့်တောင်းပေါ့။ ခြံစည်းရိုး၃ထပ်လုံးပေါက် ကတုပ် ကျင်းထဲမှာဂေါင်းပေါ်-ပြောင်းတည့်ထားပြီးမှလမ်းဖွင့်ပေးပါတော့မလုပ်နဲ့ အာ့ဒါကို အရှင်ဖမ်းမိတာလို့သတ်မှတ်တယ်” ဟု ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်တွင်ရေးသားထားသည်။
ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် “နှမဒါဗျူဟာ” နှင့် “ခန်ခတောင်ဗျူဟာ” စခန်းနှစ်ခုထဲမှ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ခန်ခတောင်ဗျူဟာ” မှ စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ ဘက်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြပြီး အခြားတစ်ဖက်တွင် တစ်ယောက်ချင်း (သို့မဟုတ်) အုပ်စုငယ်များဖြင့် ထွက်ပြေးလွတ်မြောက်နေသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ဖြင့် (သို့) လက်နက်မဲ့ဖြင့် ရှိနိုင်သောကြောင့် ပလက်ဝဒေသအတွင်း မိဘပြည်သူ များအနေဖြင့် အထူးသတိထားကြရန်နှင့် အသွားအလာများရှိပါက သတိထားသွားလာကြရန်လည်း အသိပေးထားသည်။
AA အနေဖြင့် ပြည်သူတို့၏ အသက်၊ အန္တရာယ် ၊ အိုးအိမ်၊ စည်းစိမ်တို့ကို ယခုထက်ပိုမိုလုံခြုံစိတ်ချစေရန်အတွက် အဆိုပါ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက် လျက်ရှိသည်ဟု ဆိုသည်။
ယနေ့အချိန်တွင် ၎င်းတို့၏ အချက်အချာနှင့် မဟာဗျူဟာကျသော ဗျူဟာကုန်းကြီးများကို ရက္ခိုင့် တပ်တော်မှ တစ်ခုပြီးတစ်ခုသိမ်းပိုက်နေသောကြောင့်မည်သို့မျှ တောင့်ခံနိုင်ခြင်း မရှိတော့သည်ကို ကောင်းစွာနားလည် သဘောပေါက်၍ ကြောက်လန့်ကာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြသောကြောင့် သိမ်းပိုက်ရရှိထားသော ဗျူဟာ စခန်းကုန်းများမှ စစ်သားအချို့သည် ထွက်ပြေးလွတ်မြောက်နေကြသဖြင့် လိုက်လံရှင်းလင်းလျက်ရှိသည်ဟု သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်