Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား၂ဦးသေဆုံး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား၂ဦးသေဆုံး

ဇန်နဝါရီ ၁၄၊ VOR

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းရှေ့နှင့် ရဲစခန်းဝန်းအတွင်းကို ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ဒရုန်းဖြင့် Bomb-သီး(၂)လုံးချ တိုက်ခိုက်ရာ စစ်သား ၂ဦးနေရာတင် ပွဲချင်းပြီး ​ သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ဇန်နဝါရီလ(၁၃)ရက်နေ့ကလည်း ညောင်ပင်ဝန်းစခန်းမှ စစ်ကိုင်းမြို့နယ် ပေါက်ကားရွာကို စစ်ကြောင်းထိုးမီးရှို့ အကြမ်းဖက်ပြီး ညောင်ပင်ဝန်းစခန်းသို့ပြန်လာသော စစ်ကြောင်း ခေတ္တနားရာနေရာကို ဒရုန်းဖြင့် Bomb သီး(၄)လုံးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြို့နယ် ပကဖ တာဝန်ခံဦးစီးပြီး Black Eagle Defence Force-MMU တပ်ဖွဲ့ ၊ GTR Drone တပ်ဖွဲ့၊ Young Wolf drone တပ်ဖွဲ့ နှင့် မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းမူမြို့နယ် ပကဖ) တို့မှ ဒရုန်းစစ်ဆင်ရေး ပူးပေါင်းဖော်ဆောင်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား၂ဦးသေဆုံး

You may have missed