Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
October 30, 2026

အပစ်ရပ်ရန် လက်မှတ်ထိုးခဲ့သော်လည်း ရှမ်းမြောက်တွင် စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးပစ်နေကြောင်း TNLA ထုတ်ပြန်

ဇန်နဝါရီ ၁၂၊ VOR

တရုတ်ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ဖွဲ့တို့ ရှမ်းမြောက်ဒေသတွင် သဘောတူညီမှုရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးသည် ယမန်နေ့ ဇန်နဝါရီ ၁၁ရက် ည ၉နာရီအချိန်မှမှစတင် အကြုံးဝင်သည်ဟု လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ယနေ့ ဇန်နဝါရီ ၁၂ရက် နံနက်ပိုင်းမှစတင်ကာ တအာင်းပြည် ဒေသများတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုသည် တတိယအကြိမ်ဖြစ်ပြီး သဘောတူညီမှုတွင်

(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊

(၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊

(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေး

စသည့်အချက်များအပေါ် သဘောတူညီမှုများရရှိခဲ့ကြသည်ဟု ညီနောင်မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီပြန်ကြားရေးဇော်မင်းထွန်းတို့က ယနေ့ညတွင် အသီးသီးသတင်းထုတ်ပြန်ခဲ့ကြသည်။

သို့သော် TNLA စိုးမိုးရာ တအာင်းပြည် ရှမ်းမြောက်ဒေသ တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု TNLA က ယနေ့ည ၉နာရီအချိန်တွင် အပစ်ရပ်စဲရေးသဘောတူညီမှုနှင့် တပြိုင်တည်းသတင်းထုတ်ပြန်သည်။

ကျောက်မဲမြို့နယ် စစ်ကောင်စီတပ်မှ ယနေ့ဇန်နဝါရီ ၁၂ရက် နံနက် (၁၂း၂၅)နာရီအချိန်တွင် ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၂)ကြိမ် မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ယနေ့ နံနက် (၁၀:၄၄)နာရီအချိန်တွင် အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့ပြင် သီပေါမြို့နယ် စစ်ကောင်စီတပ်မှ ယနေ့ ဇန်နဝါရီ ၁၂ရက် နေ့လည် (၁း၀၆)နာရီအချိန်တွင် မန်ဟယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့နယ် စစ်ကောင်စီ နမ့်ပေါင်တပ်စခန်းမှ ယနေ့ နံနက် (၉း၂၅)နာရီအချိန်တွင် ကုန်ပေါင်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် လားရှိုးမြို့နယ် စစ်ကောင်စီတပ်မှ ယနေ့ ဇန်နဝါရီ ၁၂ရက် နေ့လည် (၁၂း၄၅)နာရီအချိန်တွင် မခီနုကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ် ၊ နေ့လည် (၁း၀၇)နာရီအချိန်တွင် အီနိုင်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA ကထုတ်ပြန်ဖော်ပြသည်။

အပစ်ရပ်စဲရေးသဘောတူညီမှုတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် ပါဝင်ပြီး စစ်ကောင်စီဘက်မှလည်း ရှမ်းမြောက်ဒေသရှိ ညီနောင်သုံးဖွဲ့၏ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့်ညီနောင်သုံးဖွဲ့တို့ ပထမအကြိမ် အပစ်ရပ်စဲရေးသဘောတူညီခဲ့စဉ်ကလည်း စစ်ကောင်စီဘက်မှ ကိုးကန့်ဒေသကို လက်နက်ကြီး ၃ကြိမ် စတင်ပစ်ခတ်ခဲ့ပြီးနောက် ကိုးကန့်တပ်ကပြန်လည်တိုက်ခိုက်ခဲ့ရာ ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

ယနေ့ဇန်နဝါရီ ၁၂ရက်နေ့သည် ၆၁နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ဖြစ်ပြီး စစ်ကောင်စီက တအာင်းဒေသကို ယခုလိုတိုက်ခိုက်လာခြင်းဖြစ်ကာ အပစ်ရပ်သဘောတူညီမှုတွင် ရခိုင်ဒေသမပါဝင်သဖြင့် ရက္ခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။

You may have missed