ဇန်နဝါရီ ၁၃၊ VOR
တရုတ်ကြားဝင်မှုဖြင့် ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်၃ဖွဲ့တို့ကြား ဇန်နဝါရီ ၁၁ရက်ညမှ စတင်ကာ အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း ယနေ့ ဇန်နဝါရီ ၁၃ရက်နံနက်ပိုင်းတွင် ကျောက်မဲမြို့၌ တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီတပ်မှ တအာင်းတပ်(PSLF/TNLA)ရှိရာသို့ ယနေ့နံနက် ၉နာရီဝန်းကျင်မှစတင် ထိုးစစ်ဆင်လာသဖြင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲအပြင်းအထန်နေကြောင်း ဒေသခံများက ပြောသည်။
ကျောက်မဲငြိမ်းချမ်းရေးကုန်းအနီးတစ်ဝိုက်တွင် အပစ်မရပ်ခင်ကတည်းက ရောက်ရှိနေသည့် တအာင်းတပ်ထံသို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲတွင်း တရပ်စပ်ပစ်ခတ်သံများ ထွက်ပေါ်နေပြီး ပြည်သူနေထိုင်ရာနေရာအနီးတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။
အပစ်ရပ်စဲရေးသဘောတူညီမှုရရှိပြီး ၄၈နာရီမပြည့်ခင်မှာပင် စစ်ကောင်စီတပ်က တအာင်းဒေသသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါအပစ်ရပ်သတင်းများကြောင့် နေရပ်ပြန်လိုသော ပြည်သူများကလည်း မိမိနေရာသို့ ပြန်နိုင်ရန် စီစဉ်နေကြရာ စစ်ကောင်စီတပ်က တအာင်းဒေသ မြို့နယ် ၆မြို့နယ်ကို ယမန်နေ့က လက်နက်ကြီးပစ်ခတ်ခဲ့သည်။
အဆိုပါအပစ်ရပ်စဲရေးသည် တရုတ်ဖိအားပေးမှုများရှိနေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။


More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်