Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

လားရှိုး အီနိုင်းတံတား ဖောက်ခွဲခံရပြီးကျိုးကျ

TNLA သိမ်းယူထားသည့် နမ္မတူမြို့နှင့် ၄၅မိုင်သာဝေးသည့် လားရှိုး အီနိုင်းတံတား ဖောက်ခွဲခံရပြီးကျိုးကျ

ဇန်နဝါရီ ၁၊ VOR

TNLA သိမ်းယူထားသည့် နမ္မတူမြို့နှင့် ၄၅မိုင်သာကွာဝေးသည့် လားရှိုးမြို့နှင့် (၉)မိုင်အကွာ နမ္မတူဘက်သို့ထွက်သည့် အီနိုင်းတံတား ယနေ့ ၂၀၂၄ ဇန်နဝါရီ ၁ရက်နေ့ နံနက် အစောပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံရပြီး ကျိုးကျသွားကြောင်း သိရသည်။

“တံတား ကျိုးသွားပြီဆိုတော့ ရှမ်းမြောက်တော့ သွားလာရေး ခက်ခဲသွားပြီ “ဟု ဒေသခံတစ်ဦးက ပြောသည်။

အီနိုင်းတံတားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-နမ္မတူ ကားလမ်းပေါ်ရှိ အီနိုင်းကျေးရွာအနီးတည်ရှိပြီး ယနေ့နံနက် ၃နာရီအချိန်ခန့်က ဖျက်ဆီးခံလိုက်ရသည်။

အဆိုပါ အီနိုင်းတံတားတွင် စစ်ကောင်စီတပ် တပ်စွဲထားပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်ကလည်း သီပေါမြို့ကို ထပ်မံသိမ်းယူမည်စိုး၍ စစ်ကောင်စီတပ်က မိုးတေတံတားကိုဖျက်ဆီးခဲ့သည်။

လက်ရှိအချိန်တွင် လားရှိုး ဝင်ထွက်ပေါက် ၂ လမ်းသာ ကျန်ရှိနေချိန် ယခုတံတား ထပ်ချိုးခံရသဖြင့် နမ့်ပေါင်ဝင်ထွက်ပေါက် တလမ်းသာကျန်တော့သည်။

လားရှိုး အီနိုင်းတံတား ဖောက်ခွဲခံရပြီးကျိုးကျ

You may have missed