Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

လိုင်းကြေးကောက်ပြန်‌လာ တောင်သာမြို့နယ်၊ ကျောဇီကျေးရွာရဲစခန်းမှ ရဲနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဇန်နဝါရီ ၁၊ VOR

တောင်သာမြို့နယ်၊ ကျောဇီကျေးရွာရဲစခန်းမှ ရဲတပ်သား (၂) ဦးအား စောင့်ကြိုပစ်ခတ်ခဲ့ရာ ၂ဦးလုံးနေရာတွင် သေဆုံးခဲ့ကြောင်း Myingyan_District_Army_MDA3က သတင်းထုတ်ပြန်သည်။

တောင်သာမြို့နယ်၊ ကျောဇီကျေးရွာရဲစခန်းမှ လိုင်းကြေးကောက်ပြန်‌လာသော ရဲတပ်သား (၂) ဦးအား မြင်းခြံခရိုင်အမှတ် (‌၃)တပ်ရင်း နှင့်ညီနောင်မဟာမိတ်အဖွဲ့များမှ ‌ဒီဇင်ဘာ ၃၁ည ၁၁နာရီအချိန် စောင့်ကြိုပစ်ခတ်ခဲ့ရာ ၂ဦးလုံးနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါရဲ ၂ဦးမှာ တပ်ကြပ်နှင့် တပ်သားအဆင့်ရှိသူများဖြစ်ပြီး ၎င်းတို့နှင့်အတူညလက်ပစ်ဗုံး တစ်လုံး ၊ ငွေသား တစ်သိန်းခန့် နှင့် မှတ်ပုံတင်များ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုကို မြင်းခြံခရိုင်အမှတ်-၃ တပ်ရင်းနှင့် အတူ တောင်သာမြို့နယ်ပကဖ၊ပုဂံဘီလူး အဖွဲ့၊ the value of young men(မြင်းခြံခရိုင်တပ်ရင်းအမှတ်-၈)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ကျောဇီကျေးရွာရဲစခန်းမှ ရဲနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

You may have missed