Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 1, 2026

အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်းရေးမှာ ထိုင်း၊တရုတ်နှင့်မြန်မာပါဝင်တဲ့ အဖွဲ့တခုကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေထုတ်ပြန်လိုက်ပါတယ်

ကျားဖြန့်လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ထိုင်းဘက်ကတော့ Call center အမှုလို့ လူပြောများပြီး ဒီလိမ်လည်မှုကိုဖြိုခွင်းဖို့ “ခရင်မန်ကုန်ထောင်” ဆိုတဲ့ အမည်နဲ့ စစ်ဆင်ရေးကို ထိုင်းနိုင်ငံ CIB ဌာနကပြုလုပ်ခဲ့ပါတယ်။ ထိုင်း ၁ ဦး၊ တရုတ် ၅ ဦး၊ မြန်မာ ၈ ဦးကိုဖမ်းမိခဲ့ပြီး တဦးကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ဖမ်းမိထားတဲ့ သူတွေထဲမှာ မြန်မာ ၈ ဦးဟာ အိမ်ရဲ့လူဝင်လူထွက်စောင့်ကြည့်တဲ့သတင်းပို့ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။ ဒီနှိမ်နင်းမှုကို နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဒုတိယအကြိမ်အနေနဲ့ ချင်းမိုင်ခရိုင်အတွင်းရှိ နေရာပေါင်း ၂၁ နေရာကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ တယ်လီဖုန်းဆင်းမ်ကတ်ပေါင်း (၅ သိန်း ၉ သောင်း)ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဆင်းကတ်များအနက် ထိုင်းနံပါတ်နဲ့ ဆင်းမ်ကတ် (၃ သိန်းခွဲ)၊ ဟောင်ကောင်နံပါတ်နဲ့ ဆင်းမ်ကတ် (၁ သိန်းခွဲ) နှင့် အခြားနိုင်ငံမှဆင်းကတ်များ ပါဝင်ကြပါတယ်။

ကွန်ပျူတာ ၁၂ လုံး၊ မိုဘိုင်းဖုန်းအလုံးရေ ၁,၃၀၀ ကျော်၊ GSM Gateway/Simbox ဆင်းမ်ဘောက်စ် ၆၄၂ ခုနှင့်၊ အခြားဆက်စပ်ပစ္စည်း အရေအတွက်ပေါင်း (၁ သိန်း ၉ သောင်း)ကျော်ကိုလည်း သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြတာပါ။ ဒီဖမ်းဆီးမှုဟာ ထိုင်းနိုင်ငံအတွင်းမှာ ဆင်းမ်ဘောက်စ်အများဆုံးသိမ်းဆီးရမိခဲ့တာဖြစ်ကြောင်းကို CIB ဗဟိုစုံစမ်းစစ်ဆေးရေးဌာန ရဲချုပ် က နိုဝင်ဘာ ၂၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတွင်း ပြောသွားပါတယ်။ လူမှုကွန်ရက် အကောင့်အတုများနှင့် မိုဘိုင်းဖုန်းများကို လုံခြုံရေးကာကွယ်ပေးသည့် စက်ပစ္စည်းကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ အဆိုပါ စက်ပစ္စည်းကို ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားက ဝယ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအမျိုးသမီးက ထွက်ဆိုထားပါတယ်။ ချင်းမိုင်မြို့ထဲက ဆန်ဆိုင်း၊ ဆန်ကမ်ဖန်းရပ်ကွက်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က နေရာ ၁၁ ခုကို ထိုင်းရဲတပ်ဖွဲ့က ထောက်လှမ်းရှာဖွေရာမှ အခုလို ကျားဖြန့်ဂိုဏ်းကြီးတခုကို ဖမ်းဆီးရမိတာ ဖြစ်ပါသည်။

You may have missed