Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 30, 2026

ရဲစခန်းမှ PDF ၅ ဦးထွက်ပြေးခဲ့ပြီး အကြမ်းဖက်ခေါင်းဆောင်ပေါက်ကိုယ်တော်ဆိုသူက ရဲစခန်းမှူးကိုခြိမ်းခြောက်တဲ့မှတ်တမ်းများထွက်ရှိလာပါတယ်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ PDF တပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၆ PDF တပ်ရင်းက ပြောပါတယ်။၅ ဦးအနက်မှာ ၃ ဦးကတော့ ပခုက္ကူခရိုင် အမှတ် ၁၆ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးဖြစ်ပါတယ်။ နောက်တဦးကတော့ LPDF အဖွဲ့တခုမှအမျိုးသမီးတပ်ဖွဲ့ဝင်ဖြစ်ပြီး နောက်တဦးကတော့ တပ်ရင်းတပ်ဖွဲ့မသိရပါဘူး။ အမှတ် ၁၆ PDF တပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က အလုပ်ကိစ္စနဲ့ ဆိုင်ကယ် ၁ စီးကို ၃ ဦး စီးသွားချိန် ရေပြာရဲစခန်းစစ်ဆေးရေးဂိတ်အနီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ LPDF အဖွဲ့တခုမှ တပ်ဖွဲ့ဝင်နဲ့ ရဲမေကတော့ မေလဝန်းကျင်က ရေပြာရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

ခုတော့ သူတို့ငါးဦးဟာ နိုဝင်ဘာ ၂၅ ရက် မနက် ၂ နာရီမှာ စတင်ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်ပြီး မနက် ၆ နာရီခန့်မှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့များထံ ရောက်ရှိခဲ့ကြပါတယ်။ တော်လှန်ရေးရဲဘော်တွေ ပြောပြချက်အရ သူတို့အနေနဲ့ စစ်ကောင်စီများ ကင်းပေါ့ဆချိန်မှာ အမိုးနဲ့သံတိုင်ကြားဖောက်ထွက်လာနိုင်တဲ့အပြင် လက်ထိပ်တွေလည်း ဖြုတ်ထားနိုင်တယ်လို့ ဆိုပါတယ်။လက်ထိပ်ခတ်ခြင်းကို အိပ်ချိန်အပါအဝင် အချိန်ပြည့်ခတ်ထားတာဖြစ်ပေမယ့် ရေချိုးချိန်တော့ လက်ထိပ်ဖြုတ်ထားကြောင်း သိရပါတယ်။ ထွက်ပြေးလာနိုင်သူတွေကို ပေါက်မြို့ပေါ်ရဲစခန်းပို့ရမှာဖြစ်ပေမယ့် တော်လှန်ရေးနယ်မြေတွေကို ဖြတ်သန်းနိုင်ခြင်းမရှိလို့ မပို့ရဲဘဲ ခုလိုရေပြာရဲစခန်းမှာ လနဲ့ချီဖမ်းထားရာမှ ခုတော့ ထွက်ပြေးနိုင်ခဲ့တာပါ။

ထွက်ပြေးလာနိုင်သူတွေဟာ အသက် ၁၈ ၊ ၁၉ လူငယ်တွေဖြစ်ကြောင်းနှင့် အမျိုးသားတဦးကတော့ စစ်ကြောရေးဒဏ်ကြောင့် မျက်လုံးအတော်ထိထားတယ်လို့ ပေါက်၊ပကဖနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။ ဒီသတင်းနဲ့ပက်သက်ပြီး စစ်ကောင်စီလက်အောက်ခံ သင်္ကန်းခြုံပေါက်ဦးဇင်းဟာ ရေပြာရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့ အသံဖိုင်လည်း လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့တာ ကြားရပါတယ်။အသံဖိုင်ထဲမှာတော့ တာဝန်ရှိသူက တာဝန်ပေါ့မှုကိုဝန်ခံထားပေမယ့် အကြမ်းဖက်ပေါက်ဦးဇင်းဆိုသူက ထွက်ပြေးရင် တခါတည်းရှင်းပစ်လိုက်ဖို့ပြောဆိုခဲ့တာ ကြားကြရပါတယ်။ ပေါက်မြို့နယ် ရေပြာစံပြရွာက ရေပြာရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ဖူးသည်။

You may have missed