Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 30, 2026

ABSDF တည်ထောင်ခြင်း ၃၆နှစ်ပြည့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တက်ရောက်၊ ရန်ပုံငွေ သိန်း တစ်ထောင်ကျော်ရရှိ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တက်ရောက် အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း နဲ့ စစ်မြေပြင် တပ်ဖွဲ့ဝင်များရဲ့ အခက်အခဲများ အတွက် ဝိုင်းဝန်းဖြေရှင်းနိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးမှု များကို နိုဝင်ဘာ ၂၃နဲ့ ၂၄မှာ ပြုလုပ်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ဥရောပ အပါအဝင် ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း နိုင်ငံတို့က ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့သူများ၊ ကူညီထောက်ပံ့သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။တွေ့ဆုံဆွေးနွေးမှု နှစ်ရပ်တွင် ပါဝင် တက်ရောက်သူများက မကဒတ (ကျောင်းသားတပ်မတော်) ရဲ့ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရံပုံငွေများ ထည့်ဝင်ကူညီခဲ့ကြရာ စုစုပေါင်း ကျပ် သိန်း ၁,၀၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတဲ့ ကာကွယ်ရေးဝန်ကြိး ဦးရည်မွန်၊ ၈၈ မျိုးဆက် ခေါင်းဆောင် ကို မင်းကိုနိုင်၊ တေးသံရှင် မွန်းအောင်၊ တေးသံရှင် ချမ်းချမ်း၊ တပ်ဦး နှင့် တပ်မတော်ကို ထောက်ခံကူညီသူများ၊ တပ်ဦးနဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ တစ်ဦးချင်းစီကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ABSDF က ထုတ်ပြန်ပြောပါတယ်။

You may have missed