Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 24, 2026

ဆားလင်းကြီးမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံးအပါ စစ်တပ်အထိုင်နေရာတွေကို PDF အဖွဲ့ ၃၀နီးပါးပူးပေါင်းတိုက်ခိုက်လို့ စစ်တပ်ဘက်က သေဆုံးမှုများပြား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် စစ်တပ်အထိုင်နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့ ၃၀နီးပါးက ပူးပေါင်းကာ တပြိုင်နက် တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က သေဆုံးမှုများပြားကြောင်း Salingyi Border Task Force -SBTF အဖွဲ့က ထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၂၁ရက် ညနေ ၄နာရီအချိန်ခန့်မှာ ဆားလင်းကြီမြို့အတွင်းရှိ ရဲစခန်း၊ မင်းကန်ကြီး၊ သာဝတိံသာနဲ့‌ ထွေအုပ်ရုံးတို့မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်တပ်ကို ပူးပေါင်းပြီး တာဝေးပစ်လက်နက်ကြီး ၆၀မမ၊ ၈၀မမနဲ့ လက်နက်ငယ်များ၊ Droneများ ဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုအရေအတွက် အတိအကျကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပေမယ့် ၄နာရီကြာ တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုများပြားနိုင်တယ်လို့ ဆိုပါတယ်။အထိနာသွားတဲ့စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ စက်လက်တို့နဲ့ ပြန်လည်ပစ်ခက်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အ ထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Salingyi Border Task Force -SBTF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တိုက်နယ်_B7ပ.က.ဖ)နဲ့ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၃၅) တပ်ခွဲ (၃) တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်၊တပ်ရင်း(၃၅) တပ်ခွဲ (၃) တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ တပ်စိတ် (၁) 5/Fighter group (Monywa)၊ ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့(Salingyi) ၊ G3 အောင်ကြီး(Salingyi) ၊ Royal Broher Forces၊ ဇာနည်သွေး၊ ပွဲတိုင်းကျော်၊ SPDF၊ တောဘုရင်ဗိုလ်ယက္ခ၊ ချင်းတွင်းကာကွယ်ရေး(CDF)၊ Fighter For Fredy ၊ဒေါင်းသမာန်(GZ)၊ Eagle၊ မျိုးဆက်သစ် ၊ C.R.A မုံရွာ ၊ အာဏာရှင်တော်လှန်ရေး၊ တောသားကြီး ၊ တပ်ရင်း(၁၇)တပ်ခွဲ(၃) M.Y.F ၊ တပ်ရင်း (၁၇) တပ်ခွဲ (၄) G.N.B.F၊ တပ်ရင်း(၄)တပ်ခွဲ(၂)5/COMMANDO FORCF ၊ MONYWA UNDERGROUND FRCE MUGF ၊ တပ်ရင်း(၂၅)မုံရွာသံမဏိ တပ်ခွဲ ဗိုက်ကလေး၊ ဒေါင်းဖိုက်တာ၊ တပ်ရင်း(၂၃)တပ်ခွဲ(၂)ကျားညီနောင်၊ နောင်ကြီး အဖွဲ့တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

You may have missed